ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်

ကျောက်ကြီးတွင် စစ်ကောင်စီတပ်အထိုင်စခန်းကို KNLA/PDF သိမ်းပိုက်
ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု သစ်ချဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်း တစ်ခုကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့၊ ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု အမှတ် (၂) စစ်ဒေသခွဲ သတင်းရင်းမြစ်များက ပြောသည်။

သစ်ချဆိပ်ရွာတွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင်မူ တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်း ဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း KNLA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က အတုန်းအရုန်းပဲ။ ထိခိုက်တာတွေ အများကြီးပဲ” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၂ ဦးသေဆုံး၍ ခုနစ်ဦး အရှင်ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုများ ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ မဇ္ဈိမက ကနဦးသိရှိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ KNLA/PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း ဆို သည်။

အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကမူ စခန်းသိမ်းပိုက်ရရှိမှုကို အတည်ပြုပြီး စစ်ကောင်စီတပ် သေဆုံး အရေအတွက်နှင့် ဖမ်းဆီးရမိ သိမ်းဆည်းရရှိအရေအတွက်များအား ထုတ်ပြန်ပေး သွားမည်ဟု မဇ္ဈိမကို ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်း ထောက်လှမ်းဝဲပျံမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ သော်လည်း လေကြောင်းတိုက်ခိုက်မှု မရှိခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

ကျောက်ကြီး၊ မုန်း၊ ဖြူး၊ ကျောက်တံခါးနှင့် ထန်းတပင်မြို့နယ်တို့သည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် မြို့နယ်များဖြစ်ပြီး လက်ရှိတွင် အဆိုပါဒေသအတွင်း စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းကလည်း ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီ ကင်းဂိတ်ကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ် ဦးသေဆုံး ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း − တောင်ပိုင်းတိုင်းက ထုတ်ပြန်ထားသည်။

ပုံအညွှန်း - အမှတ် (၂) စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...