NGO၊ INGO များကို စနစ်တကျကြပ်မတ်ရန် စစ်ခေါင်းဆောင်ညွှန်ကြား

NGO၊ INGO များကို စနစ်တကျကြပ်မတ်ရန် စစ်ခေါင်းဆောင်ညွှန်ကြား

မြန်မာနိုင်ငံအတွင်းရှိ NGO၊ INGO အဖွဲ့အစည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် စနစ်တကျ ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက် သည်။

ဩဂုတ်လ ၃၀ ရက်နေ့ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို စစ်ခေါင်းဆောင်က မှာကြားခဲ့ခြင်းဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အချို့သော ပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့် မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း” ဟု ပြောဆိုခဲ့သည်။

စစ်ခေါင်းဆောင်က ထိုသို့ညွှန်ကြားလိုက်သဖြင့် စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် နာလန်မထူနိုင် ဖြစ် နေသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိရေးတွင် ပို၍ ထိခိုက်လာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

ရခိုင် အခြေစိုက် NGO အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက အခုလိုပြောဆိုချက်ဟာ အကူအညီ လိုအပ်နေသူတွေ အပေါ် ထိခိုက်မှုရှိနိုင်တယ်” ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများမှာ အမိုးအကာအောက်သို့ ရောက်ရှိရန် လက်ရှိအချိန်ထိ အခက်ကြုံနေရချိန် တွင် NGO၊ INGO အဖွဲ့များ၏ လုပ်ဆောင်ချက်များကို စစ်ကောင်စီက တင်းကျပ်လာပါက ပို၍ဒုက္ခရောက်နိုင် ကြောင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးနေသော အဖွဲ့အစည်းများမှာ စစ်ကောင်စီထံ မှ ယခင်ခွင့်ပြုချက်ရပြီး လုပ်ငန်းစဉ်များ အတွက်သာ ခရီးသွားလာခွင့်ရှိပြီး ကန့်သတ်နေရာများသို့ ခရီးသွားလာ ခွင့် မရှိပေ။

အသစ်တင်ထားသော လုပ်ငန်းစဉ်များကိုလည်း စစ်ကောင်စီက ခွင့်ပြုချက်မပေးဘဲ ဆိုင်းငံ့ထားသည်။

“အရင်တစ်ခေါက်တော့ စေတီပြင်ဘက်ကို သွားခွင့်ရတာရှိပါတယ်။ အခုက မိုခါနဲ့ဆိုင်လား၊ မဆိုင်ဘူးလား ဆို တာ မပြောတတ်ဘူး။ အခုနောက်ပိုင်း စေတီပြင်ကိုသွားခွင့်မရတော့ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အကူအညီပေးရမယ်၊ အဲဒီလိုတော့ရှိတယ်” ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ICRC သည် ယခင်က ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူသားချင်းစာနာမှုအကူအညီများ ပေးခွင့် ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လမှစပြီး အကူအညီပေးခွင့်များ ရပ်ဆိုင်းခံထားရခြင်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသော စစ်ဘေးရှောင်များနှင့် သဘာ ဝဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ထိရောက်စွာလုပ်ဆောင်ရန် လိုအပ်နေသေးပြီး INGO၊ NGO၊ CSO နှင့် အခြား လူမှုကူညီရေး အသင်းအဖွဲ့များကိုလည်း လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် ပေးသင့် ကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ (ရွာဟောင်း) အုပ်ချုပ် ရေးမှူး ဦးဝေထွန်းသိန်းက “အကူအညီကတော့ တခြားအဖွဲ့အစည်းတွေက ပေးတာမရှိဘူး။ နစက ကောင်စီ ဆီကတော့ ဆန် ၂ သိုက် (၁ ပြည်) လောက်ပေးတာရှိတယ်။ နိုင်ငံတကာအကူအညီတွေတော့ အခုထိ ဘယ်အဖွဲ့ ကမှ ရောက်လာတာ မရှိသေးဘူး” ဟု ပြောသည်။

ရခိုင်က စစ်ဘေး၊ လေဘေးနှင့် ရေဘေးသင့်ပြည်သူများမှာ စစ်ကောင်စီအပါအဝင်  နိုင်ငံတကာနှင့် အခြားအဖွဲ့ များထံမှ ထိရောက်သည့် အကူအညီများကို မျှော်လင့်နေကြပြီး လတ်တလောတွင် စိန်ခေါ်များစွာနှင့် ဖြတ်သန်း နေကြရသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...