ကျောက်ကြီးနှင့်ဖြူးမှ စစ်ရေးပစ်မှတ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေ၊ ၃ဦး ဒဏ်ရာရဟု MOD ထုတ်ပြန်

ကျောက်ကြီးနှင့်ဖြူးမှ စစ်ရေးပစ်မှတ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေ၊ ၃ဦး ဒဏ်ရာရဟု MOD ထုတ်ပြန်
အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း
အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း

ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် ဖြူးမြို့နယ်မှ စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို နယ်မြေရှင်းလင်း တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ လေးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန (MOD)က ဩဂုတ်လ ၂၇ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်၊ မုန်းနယ်မှကရင်ကျ၊ သမန်းကျင်းတာဆုံ၊ အုတ်ဖြတ်တံတားအရှေ့ပိုင်းနှင့် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဩဂုတ်လ ၂၅ ရက်နေ့ တွင် PDF အထူးကွန် မန်ဒို တပ်ရင်း ရိုးမစစ်ကြောင်း (၂)၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု MOD က ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ် အတွင်း ဩဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ည ၉ နာရီ ၁၅ မိနစ်ခန့်အထိ တိုက် ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း၊  မွန်းလွဲ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ် ဖြတ်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းရာနေအိမ်ကို  ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ရာတွင်  စစ်ဗိုလ်တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရသွားကြောင်း သတင်းထုတ်ပြန်သည်။

ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက်ပိုင်းတွင် အဆိုပါ ဒေသများကို  စစ် ကောင်စီတပ်က လက်နက်ကြီးမကြာခဏ ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း လေ ကြောင်းမှ ကင်းထောက်နေကြောင်း အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဒေသအတွင်း အချို့သော ကျေးရွာများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ နယ်မြေစိုးမိုးနိုင်သည့် အနေအထားရှိလာပြီဟု အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူကပြောသည်။

“စစ်ကောင်စီက မုန်းနဲ့ အုတ်ဖြတ်အနောက်ဘက်ကမ်းမှာပဲစိုးမိုးထားနိုင်တာပါ။ အချို့ကျေးလက် နေရာ တော် တော်များများတော့ PDF တွေလှုပ်ရှားသွားလာနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။

ရန်ကုန်−မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိသည့် ဖြူး၊ ကျောက်ကြီး၊ မုန်းနှင့် ကျောက်တံခါးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။

ဒေသတွင်း၌ စစ်ရှောင်ဦးရေများပြားလာပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်  အရပ်သား ထိခိုက်သေဆုံးမှု အချို့လည်းရှိနေသည်ဟု ဒေသခံများက ပြောသည်။

May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...