လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို

လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို

၂၀၁၇ ခုနှစ်က ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသများတွင် မြန်မာစစ်တပ်၏ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးကြောင့် မွတ်ဆလင်များစွာ သတ်ဖြတ်ခံရမှုကိစ္စကို ထိရောက်စွာ အရေးယူပေးရန် မွတ်ဆင်များက တောင်းဆိုလိုက်သည်။

ဩဂုတ်လ ၂၅ ရက်နေ့က ပြုလုပ်သော ‘မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်’ အောက်မေ့ဖွယ် အခမ်းအနား အွန်လိုင်းဆွေးနွေးတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများ၊ မွတ်ဆလင်တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

“အပြစ်မရှိတဲ့ ကျနော်တို့ လူမျိုးတွေအနေနဲ့ တရားမျှတမှု မရရှိသရွေ့တော့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ ဒီအမှုရဲ့နောက်ကွယ်မှာ သတ်ဖြတ်မှုရဲ့ အဆိုးရွားဆုံးသောရာဇဝတ်မှုတွေက ကျနော်တို့ရဲ့ လူသားဖြစ်ခြင်း အနှစ် သာရကို တုန်လှုပ်ချောက်ခြားစေတာကြောင့် ကျူးလွန်သူတွေကို အပြစ်ပေးဖို့ တောင်းဆိုတယ်” ဟု မွတ်ဆလင် အရေးလှုပ်ရှားသူ ဦးထွန်းခင်က ပြောသည်။

မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရခြင်းနှင့်ပတ်သက်၍ အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာစစ်တပ်ကို တရားစွဲဆိုထားသည့်အမှုတွင် တရားမျှတ မှုရရှိရန် လူ့အခွင့်အရေးသမားများနှင့် မွတ်ဆလင်များက လိုလားနေကြသည်။

စစ်တပ်၏ နယ်မြေရှင်းလင်းရေးတွင် ရွာလုံးကျွတ်မီးရှို့မှု၊ သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အမျိုးသမီးများ အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မွတ်ဆလင်များအပေါ် မြန်မာအာဏာပိုင်များက လူမျိုးရေးခွဲခြားဆက်ဆံမှု စသည့် အချက်များဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအသုတ် အဖြစ် ပြန်လက်ခံရန် စီစဉ်နေသည်။ ထိုသို့စီစဉ်နေခြင်းမှာလည်း ICJ တွင် တရားရင်ဆိုင်နေရချိန် နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့်သဘောဖြင့် ဆောင်ရွက်နေခြင်းဟု ဝေဖန်နေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ဒုက္ခသည်စခန်းကမွတ်ဆလင်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန် လာနိုင်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် လုပ်ဆောင်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ကျော်မိုးက ပြောသည်။

“လတ်တလော ရခိုင်ပြည်မှာရှိတဲ့မွတ်ဆလင်တွေကို ကြည့်ခြင်းအားဖြင့် အရမ်းဆိုးရွားနေတဲ့ အခြေအနေမှာ ရှိနေသေးတယ်။ အရင်တိုင်းပဲ လွတ်လပ်စွာ သွားလာခွင့်မရဘဲ ပိတ်လှောင်ခံထားရဆဲပဲ။ ကျန်းမာရေး စောင့် ရှောက်မှု ပိတ်ပင်ခံထားရတယ်။ ပညာသင်ကြားခွင့်လည်း အတူတူပဲ။ ဒုက္ခသည်စခန်းတွေမှာလည်း မျှော်လင့် ချက်မဲ့စွာ နေထိုင်နေရတဲ့အတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု သူကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက မွတ်ဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များမှာ ခရီးသွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စသည့် အဘက်ဘက်တွင် ဆုံးရှုံးနစ်နာမှုနှင့် ရင်ဆိုင်နေရ သည်။

“ကျနော်တို့မှာ လယ်ယာတွေ၊ လုပ်ငန်းတွေ အကုန်လုံး ဆုံးရှုံးခဲ့ရပြီ။ မိသားစုတွေလည်း ဆုံးရှုံးခဲ့ရတယ်။ အခု ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့အခါလည်း အခက်အခဲအများကြီးနဲ့ ကျပ်ကျပ်တည်းတည်း နေထိုင်ရတယ်။  ဒါကြောင့် ကျနော်တို့ နေရပ်ပြန်မယ်ဆိုရင် သင့်တင့်လျှောက်ပတ်တဲ့ အဆင်ပြေမှုတော့ လိုပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်ကို မတားဆီးနိုင်ရင်တော့  အရင်လိုဒုက္ခခံရမှာကိုလည်း စိုးရိမ်တယ်” ဟု ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆင် လင်ဒုက္ခသည်တစ်ဦးက ပြောသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...