ကွတ်ခိုင် ပစ်ခတ်သံများကြား အသွားအလာ သတိထားရန် လိုအပ်

ကွတ်ခိုင် ပစ်ခတ်သံများကြား အသွားအလာ သတိထားရန် လိုအပ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်သံများ ကြားနေရသည့်အတွက် အသွားအလာ သတိထားကြရန် လိုအပ်ကြောင်း ဒေသအတွင်း ကားသမားများက ပြောသည်။

သြဂုတ် ၁၇ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်တောင်ကြောအနီး၌ ပစ်ခတ် သံများ စတင်ကြားရကြောင်း ဒေသအတွင်း လိုင်းကား မောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လိုင်းကားမောင်းသူ အသက် ၄၀ ဝန်းကျင် အမျိုးသားက “လမ်းဘေးမှာ ကြံခင်းတွေ ရှိနေတယ်။ အဲ့ကြံခင်း အတွင်းကနေ ပစ်ခတ်သံတွေ ထွက်လာတာ၊ ဘယ်အဖွဲ့ နဲ့ အဖွဲ့တို့က ပစ်နေကြမှန်းတော့ မသိရဘူးပေါ့၊ ဒါပေမဲ့ လမ်းနဲ့လည်း သိပ်မဝေးတော့ အသွားအလာတွေ သတိထားဖို့ လိုအပ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြော သည်။

ယင်းပစ်ခတ်မှု အသံသည် လမ်း၏ ဘေးတစ်ဖက်ရှိ ကြံခင်းဘက်မှ ထွက်ပေါ်လာသည်ဟု သိရပြီး မည်သည့် တပ်ဖွဲ့က ပစ်ခတ်နေကြသည်ကို သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းအချိန်၌ ကွတ်ခိုင်အခြေစိုက် ခလ၇ (၂၄၁) နှင့် (၂၄၂) တို့မှ စစ်ကောင် စီ တပ်ဖွဲ့ဝင်များသည် စစ်ကား (၁၀) စီးဖြင့် ကွတ်ခိုင်မြို့မှ မူဆယ်ဘက်သို့ ဦးတည်ကာ စတင် ထွက်ခွာသွား ကြောင်းလည်း ဒေသခံများက ပြောသည်။

ထိုကဲ့သို့ စစ်ကားများထွက်ပြီး မွန်းလွဲပိုင်း ၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်လွယ် နှင့် နမ့်ဖလွန် တောင် ကြော၌ တစ်ဖတ်သတ် ပစ်ခတ်နေသည့် လက်နက်ကြီးသံများလည်း ကြားရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်နက်ကြီး အသံကတော့ တစ်ဖက်တည်း ပစ်ခတ်နေတာမျိုးလို့ ထင်မိတယ်။ သေနတ်သံက နှစ်ချက် သုံး ချက်လောက်ပေါ့။ ဒါပေမဲ့ လက်နက်ကြီး အသံကိုတော့ မရေထားမိဘူး။ အခုတော့ အသံငြိမ်သွားပြီ” ဟု ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး - ကွတ်ခိုင် - မူဆယ် လမ်းပိုင်း တစ်လျှောက်တွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ် ပွားလေ့ရှိပြီး လက်နက်ကြီး/ငယ် လမ်းပေါ်ကျရောက်လေ့ရှိရာ လမ်းပိတ်ခြင်းများလည်း မကြာခဏ ဖြစ်ပွား လေ့ရှိသည်။

ထို့ကြောင့် အဆိုပါ လမ်းပိုင်းတစ်လျှောက် သွားလာ လှုပ်ရှားကြသည့် ခရီးသည် ကားသမားအနေဖြင့် သတိထား ပြီး သွားလာကြပါရန် ဒေသအတွင်း ကားသမားများက ပြောဆို တိုက်တွန်းထားခြင်း ဖြစ်သည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...