မကွေးတောင်ပိုင်းရှိ ရပ်ရွာနေလူထု ငှက်ဖျားဆေး အပါအဝင် ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတောင်ပိုင်းရှိ ရပ်ရွာနေလူထု ငှက်ဖျားဆေး အပါအဝင် ဆေးဝါးအကူအညီလိုအပ်နေ

မကွေးတိုင်းတောင်ပိုင်းရှိ တောင်ပေါ် ကျေးရွာနေ ပြည်သူများ ငှက်ဖျားဆေးပါအဝင် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော် (PIA) မှ တာဝန်ရှိသူများက ပြောသည်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုနှင့် ထိခိုက်မှု များစွာရှိနေသော ယင်းဒေသက ကျေးရွာနေ ပြည်သူများမှာ ဆေးဝါးနှင့် ဆေးကုသရန် အလွန်ပင်ခက်ခဲနေကြောင်း၊ ယခု ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျံမှုများကြောင့် ပြည်သူများမှာ ပိုမိုအခက်အခဲကြုံတွေ့နေရပြီး အရေးပါ်အကူအညီများ လိုအပ်နေ သည်။

အရှိုချင်းကာကွယ်ရေးတပ်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော်တို့မှ ရဲဘော်များသည် မကွေးတိုင်း တောင်ပိုင်း ရှိ တောင်ပေါ် ကျေးရွာနေ ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။

မကွေးတောင်ပိုင်းရှိ ကျေးရွာနေ ပြည်သူများကို တပ်ရင်းများရှိ ဆေးဝါးများနှင့် အခမဲ့ကုသပေးခြင်း၊ ကျန်းမာ ရေးအသိပညာပေးခြင်းများ ဆောင် ရွက်နေသည်ဟု အရှိချင်းကာကွယ်ရေးတပ်မှ ပြန်ကြားရေးမှူး ဆလိုင်ခနီး လေဗွေ က ပြောသည်။

ဆလိုင်ခနီး လေဗွေ က “စတင်ကုသပေးနေတာက ဇူလိုင်လကတည်းကပါ။ ငှက်ဖျားရောဂါတွေ အဖြစ်များနေ တာလည်း တွေ့ရတယ်။ လောလောဆယ် ငှက်ဖျားဆေး မရှိဘူး။ ငှက်ဖျားဖြစ်နေတဲ့ လူတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ အဓိကက ဆေးဝါးတွေ လိုအပ်နေပါတယ်။ ကျနော်တို့ ပြည်သူတွေကို အတတ်နိုင်ဆုံး ဆက်လက် ကူညီသွားဖို့ ရှိတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ပါဝင်အားဖြည့်ပေးကြပါဦး” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့သည် မကွေးတောင်ပိုင်းက ကျေးရွာ ၅ ရွာမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးထား ပြီး တခြားကျေးရွာများကိုလည်းဆက်လက် ပေးရန်ရှိသည်။ ယင်းဒေသတွင် ငှက်ဖျား၊ တုပ်ကွေး၊ ယားနာစသည့် ရောဂါကို အများဆုံးကုသပေးခဲ့ရသည်ဟု ဆိုသည်။

ယင်းဒေသက ကလေးများသည် သံမချရသေးသော ကလေး အများအပြားကို တွေ့ရှိရသည့်အတွက် သံချရန် ဆေးဝါးများလည်း လိုအပ်နေသည်။

စစ်ကောင်စီတပ်၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ကျေးရွာနေ ပြည်သူများမှာ ဆေးဝါးနှင့် ရိက္ခာများ ရရှိနိုင်ရေး လည်း အလွန်ခက်ခဲနေသည်ဟု အရှိုချင်းကာကွယ်ရေးတပ်ထံမှ သိရသည်။

တော်လှန်ရေးကာလအတွင်း လူထုဝန်ဆောင်မှုပေးရေး လုပ်ငန်းများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေး၍ လူထုကို ကာကွယ်မှုပေးရန် ကြိုးစားအားထုတ်နေသည်ဟု အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့ လွတ်လပ်ရေးတပ်မတော် (PIA) က ထုတ်ပြန်သည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...