ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှု အဖြစ် စစ်ကောင်စီသတ်မှတ်

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှု အဖြစ် စစ်ကောင်စီသတ်မှတ်

ထိုင်းဘတ်ငွေ (Thai Baht)ကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ဆောင်ရွက်သည့် ငွေကြေးအဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်သည်။

နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွည်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(Authorized Dealer-AD) လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်(Thai Baht)ကို ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ခဲ့သည်။

“ထိုင်းဘတ်ငွေကို နိုင်ငံတကာ ငွေပေးချေမှု ပုံစံပြောင်းလိုက်တာကို ကြိုဆိုပါတယ်။ အရင်က ဒေါ်လာ လဲလှယ် နှုန်းကို ကြည့်ပြီး ကုန်သွယ်ရတာထက်စာရင် လွယ်ကူသွားတယ်။ အခု မြန်မာငွေတန်ဖိုးကျဆင်းနေလို့ ထိုင်း - မြန်မာငွေလဲလှယ်ရေး ငွေစျေးကွက်ကိုပါ အကျိုးသက်ရောက်စေဖို့ မျှော်လင့်ပါတယ်” ဟု မြဝတီမြို့ခံ နယ်စပ် ကုန်သည်တစ်ဦးက ပြောသည်။

ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှု သတ်မှတ်ခြင်းမှာ ဒေါ်လာအစားထိုးရန်နှင့် စင်ကာပူနိုင်ငံဘဏ်များက စစ်ကောင်စီနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုထားမှုကြောင့်ဟု ဗဟိုဘဏ်နှင့် နီးစပ်သူများ ထံမှ သိရသည်။

“ဒေါ်လာအစားထိုး နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းဖို့အတွက် ထိုင်းဘတ်ငွေကို သတ်မှတ်လိုက်တာက  စီးပွားရေးပိတ်ဆို့မှုတွေ များလာတာရယ်၊ စင်ကာပူဘက်က နိုင်ငံတွင်းစီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့မှုတွေ ကြောင့် ထိုင်းဘတ်ကို ရွေးချယ်စရာ နိုင်ငံခြားငွေကြေးတစ်ခုအဖြစ် ခွင့်ပြုလိုက်တာ ဖြစ်တယ်” ဟု ဗဟိုဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ၌ ထိုင်းဘတ်နှင့် မြန်မာငွေလဲလှယ်ရာတွင် ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်ကာ သြဂုတ်လ ၁၅ ရက် နေ့မှ စ၍ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၀၃ ကျပ် ဝန်းကျင်ရှိနေသည်။

လက်ရှိမှာ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သော ထားဝယ် - ထီးခီး နယ်စပ် ကုန်သွယ်ရေးဇုန်၊ မောတောင်နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် တာချီလိတ် - မယ်ဆိုင် နယ်စပ်ကုန်သွယ်ရေးဇုန်များ၌ ထိုင်းဘတ်ငွေ များ ဖြင့်ပေးချေမှု စတင်ပြုလုပ်လာကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နီးစပ်သူများက ပြောသည်။

“လောလောဆယ် ထားဝယ်-ထီးခီးနဲ့ မောတောင်ဘက်မှာတော့ ထိုင်းငွေနဲ့ ကုန်သွယ်ငွေချေခွင့် စနေပြီ။ တာချီ လိတ်- မယ်ဆိုင်မှာတော့ တစ်ပတ်အတွင်း ငွေပေးချေမှု စမယ်လို့သိထားပါတယ်” ဟု ထားဝယ် - ထီးခီး နယ်စပ် ကုန်သွယ်ရေးဇုန်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အာဏာသိမ်းမှုကြောင့် စစ်ကောင်စီသည် နိုင်ငံတကာပိတ်ဆို့မှုများ ခံရပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး ယနေ့အချိန်ထိ တရုတ်ယွမ်ဖြင့် လည်းကောင်း၊ အိန္ဒိယရူပီးဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် တာကာဖြင့်လည်း ကောင်း၊ အမေရိကန်ဒေါ်လာ အစားထိုးပုံစံဖြင့် နိုင်ငံတကာငွေကြေးပေးချေမှု အတွက် အသုံးပြုနေသည်။

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...