ယင်းမာပင်တွင် လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး

ယင်းမာပင်တွင် လက်နက်ကြီးထိလို့ ကလေးငယ်တစ်ယောက်သေဆုံး
သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးထိကာ သေဆုံးခဲ့ရသူ ကလေးငယ်
သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးထိကာ သေဆုံးခဲ့ရသူ ကလေးငယ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၉နှစ် အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၂နာရီ အချိန်ခန့်တွင် ပုသိမ် - မုံရွာလမ်းမပေါ် ရောက်နေသည့် စစ်ကောင်စီတပ် က လက်နက်ကြီးများနှင့် ပြည်သူများနေထိုင်သည့် ကျေးရွာများဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပေကုန်းကျေးရွာ က ကလေးငယ် လက်နက်ကြီးထိမှန်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ပုသိမ် - မုံရွာလမ်းမပေါ်မှာ ကြေးနီသယ်တဲ့ စစ်ကောင်စီအဖွဲ့တွေ တောက်လျှောက် ကင်းပုန်း ချထားတာ။ အဲ့ဒီကနေပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာကနေ ပေကုန်းရွာက ကလေးငယ်လေး သေဆုံးခဲ့ ရတာပါ” ဟု ပြောသည်။

လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်မှာ ပေကုန်းကျေးရွာက အသက် ၉ နှစ်အရွယ် မောင် ကျော်သီဟ ဆိုသူဖြစ်ပြီး အခြားဒေသခံ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သေး သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ယင်းမာပင် အောင်ဇေယျကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နေ့၊ နေ့ လယ် ၁၂ နာရီအချိန်တွင် လက်နက်ကြီးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် နဘူးတောကျေးရွာက အသက် ၆၀အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆားလင်းကြီးနှင့် ယင်းမာပင်အစပ်ရှိ ကျေးရွာ များကို ဩဂုတ်လ ၁၄ ရက်နေ့ ကတည်းက စစ်ကြောင်းပတ်ထိုးနေခဲ့သည့်အတွက် ကျေးရွာ ၈ ရွာက ဒေသခံ ထောင်နှင့်ချီ ဘေးလွှတ်ရာကို တိမ်းရှောင်နေရသည်။

၎င်းတို့အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများ က ဆိုသည်။

ယခုနှစ် ဧပြီလကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ရင်း ၂၈ က ပေကုန်းကျေးရွာကို လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုထဲတွင်လည်း အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့သေးသည်။

အာဏာသိမ်းပြီးသွားသည့် နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီ အရေးလှုပ်ရှားသူများနှင့် ပြည်သူကျဆုံးမှု ၃၉၀၀ ကျော်ရှိပြီဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...