လဲချားမြို့နယ် မန်ပန်ပြည်သူ့စစ် အရာရှိ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

လဲချားမြို့နယ် မန်ပန်ပြည်သူ့စစ် အရာရှိ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း၌ မန်ပန်ပြည်သူ့စစ် အရာရှိ၏ ယာဥ်တန်းသည် မိုင်းဆွဲ တိုက် ခိုက်ခံရပြီး တပ်သား ၂ ဦးသေဆုံးကာ အရာရှိ တစ်ဦး ဒဏ်ရာရသွားသည်။

ဇူလိုင်လ ၃၀ ရက်နေ့၊ ညနေပိုင်း ၄ နာရီဝန်းကျင်အချိန်တွင် လဲချားမြို့နယ် အရှေ့ဘက်ရှိ တင်းလီကျေးရွာ သစ် ရွာဝင်လမ်းအနီး စလုံးခုမ် လမ်းကြောင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော် ဆင့် ကို ပြောသည်။

ဒေသခံတစ်ဦးက “မန်ပန်ပြည်သူ့စစ် အရာရှိ စဝ်တ ဦးဆောင်တဲ့ ယာဥ်တန်းလို့ သိရတယ်၊ မန်ဘက်ဘက်ကနေ နမ့်ဟူး ဘက်ကို ဦးတည်သွားနေတုန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းတော့ မသိရ ဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့စစ်အရာရှိ စဝ်တ နှင့် အတူ လိုက်ပါလာသော စိုင်းဖွေးဆိုသည့် အရာရှိ၏ ကားထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့သည့် အပြင် ၎င်း၏ ကားအတွင်းလိုက်ပါလာသည့် တပ်သားနှစ်ဦးလည်း သေဆုံးသွားခဲ့သည်။

မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် လဲချားမြို့နယ် မန်ပန်ကျေးရွာ နှင့် နမ့်ဟူးဖလားထမ် ဒေသများဘက် တွင် လှုပ်ရှားလျှက်ရှိသည်။

ဒေသခံတစ်ဦးက “ဒီဘက်မှာတော့ လက်နက်ကိုင် အဖွဲ့က စုံပါတယ်။ ဘယ်သူ့က ဘယ်သူ့ကို လုပ်ကြံမှန်း သူတို့ အချင်းချင်းတော့ သိကြမှာပေါ့၊ ဒါပေမဲ့ အခုလို အများသုံးလမ်းမပေါ်မှာ မိုင်းထောင်ထားတာမျိုးတော့ မလုပ်သင့် ပါဘူး“ ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့အပြင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပြည်သူ့ စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...