မုန်တိုင်းအလွန် စစ်တွေက ပရဟိတဆေးခန်းများ လည်ပတ်ရန်ခက်ခဲနေ

မုန်တိုင်းအလွန် စစ်တွေက ပရဟိတဆေးခန်းများ လည်ပတ်ရန်ခက်ခဲနေ
Free Clinic Rakhine - Facebook Page
Free Clinic Rakhine - Facebook Page

ငွေကြေးမတတ်နိုင်သူများအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပရဟိတဆေးခန်းများမှာ မုန်တိုင်းအလွန် နှစ်လကျော်လာသည့်တိုင် ပုံမှန်လည်ပတ်ရန် အခက်အခဲရှိနေကြ သည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးခန်းများကို မပြုပြင်နိုင်သေးခြင်း၊ အလှူရှင်နည်းပါးသွားခြင်း၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာ မဖြည့်ဆည်းနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မလုပ်နိုင်သေးကြောင်း ဆေးခန်း တာဝန်ရှိသူများက ပြောသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဆေးခန်းတာဝန်ခံ ကိုသားချေက “မုန်တိုင်းလွန်ကာလမှာ တော်တော်လေး ခက် ခဲသွားပါတယ်။ ငွေကြေးအလှူခံထားတာလည်း အဆင်မပြေသေး။ ဆေးပေးခန်းတွေလည်း မဆောက်လုပ်နိုင် သလို၊ ကျန်းမာရေးစောက်ရှောင့်မှုလည်း မလုပ်နိုင်သေးဘူး။ လောလောဆယ်တော့ ရတဲ့အလှူငွေနဲ့ ဖြည်းဖြည်း ချင်း လုပ်နေပါတယ်” ဟု ပြောသည်။

ယခင်က မေတ္တာရောင်ခြည် ဖောင်းဒေးရှင်းသည် စစ်တွေမြို့ရှိ အဓိဌာန်ဘုန်းကြီးကျောင်း၊ ဓာတ်လယ်ဘုန်းကြီး ကျောင်း၊ ဆင်းကူးလမ်းရပ်ကွက်တို့တွင် ဆရာဝန်နှစ်ဦးနှင့်အတူ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ သော်လည်း လက်ရှိမှာ ငွေကြေးအခက်အခဲကြောင့် ရပ်နားလု အခြေအနေနှင့် ကြုံနေရသည်။

ဆေးဝါးများဝယ်ယူရန် တစ်လလျှင် ငွေကျပ် ၁၀ သိန်းဝန်းကျင်ခန့် ကုန်ကျမှုရှိပြီး အလှူရှင်နည်းပါးသည့်အတွက် လိုအပ်သည့်ဆေးဝါးများကို လုံလောက်စွာဝယ်ယူရန် မဖြစ်နိုင်တော့ကြောင်း ကိုသားချေက ဆက်ပြောသည်။

စစ်တွေမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Free Clinic Rakhine အခမဲ့ဆေးခန်းမှာလည်း မုန်တိုင်း လွန်ကာလတွင် အကူအညီပံ့ပိုးမှုများ လိုအပ်နေကြောင်း ပြောသည်။

“ပါရာ၊ ဘီတာမင် C၊ အကိုက်အခဲပျောက်ဆေးတွေ၊ တခြား အသုံးများတဲ့ဆေးတွေ ပြတ်လပ်နေတယ်။ အဓိက တော့ စျေးကြီးတဲ့ ဆေးဝါးတွေပေါ့။ ကျနော်တို့မရပ်တည်နိုင်ရင်တော့ လက်လုပ်လက်စား ကျန်းမာရေးစောင့်‌ ရှောက်မှု လိုအပ်နေသူတွေ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်” ဟု Free Clinic Rakhine ဆေးခန်းတာဝန်ရှိသူက ပြောသည်။

မိုးတွင်းကာလ နေမကောင်းဖြစ်သူ များပြားနေသဖြင့် ယခင်က တစ်ပတ်လျှင် ၂ ရက် ကျန်းမာရေး စောင့်ရှောက် ပေးရာမှ လက်ရှိမှာ တစ်ပတ်လျှင် ၃ ရက်ထိ တိုးချဲ့ပြီး ဆေးကုပေးနေရကြောင်း  Free Clinic Rakhine တာဝန် ရှိသူက ဆက်ပြောသည်။

အဆိုပါ အခမဲ့ ဆေးပေးခန်းများတွင် စစ်တွေမြို့ရှိ ဓညဝတီ၊ စက်ရုံစု၊ မြို့သူကြီး စသည့် ရပ်ကွက်များမှ အခြေခံ လက်လုပ်လက်စား ပြည်သူများအပြင် ပေါက်တော၊ ကျောက်တော်နှင့် ကမ်းထောင့်ကြီး စသည့် နယ်ဘက်မှ လည်း လာရောက်ဆေးကုသကြကြောင်း ဆိုသည်။

စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ ‌ဒေါ်မခင်သန်းက “လက်လုပ်လက်စားမိသားစုတွေ၊ သက်ကြီးပိုင်းတွေဆိုရင် အဲ့ဒီဆေးခန်းတွေမှာ သွားပြကြတာရှိတယ်။ တကယ်လို့ သူတို့ မလည်ပတ်နိုင်ရင်တော့ မှီခိုသူတွေ အခက်အခဲ ဖြစ်သွားမှာပေါ့။ အရင်က ပါရာတစ်ကဒ်ကို ၇၀၀ ဆိုရင် အခု ၉၀၀ လောက်ရှိနေပြီ” ဟု ပြောသည်။

ရခိုင်မှာ မုန်တိုင်းလွန်ကာလတွင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ရာသီတုပ်ကွေး စသည့်ရောဂါများ ဖြစ်ပွားမှု များ ပြားလာနေသည်။

ယခုနှစ် ဇန်နဝါရီလမှ  ဇူလိုင်လ ၂၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉၆၃ ဦးအထိ ရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ရခိုင်မှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် နေအိမ် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူ ၁၅ သိန်းကျော် နစ်နာခဲ့ရသည်။

Most read this week

ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...