ကိုယ်ပိုင်ကျောင်းများ ဖိအားပေးခံရ

ကိုယ်ပိုင်ကျောင်းများ ဖိအားပေးခံရ

စစ်ကောင်စီ လက်အောက်ခံ အစိုးရကျောင်း မဟုတ်သည့် ကိုယ်ပိုင်ကျောင်းများသည် စစ်ကောင်စီ၏ သတ်မှတ် စည်းကမ်း နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မလိုက်နာပါက ကျောင်းပိတ်ရသည့်အထိ အရေးယူသွား မည်ဟု ဖိအားပေး ခံနေရသည်ဟု ကိုယ်ပိုင်ကျောင်း ဖွင့်ထားသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပညာရေးစနစ် ကျဆင်းလာရာမှ လူငယ်များသည် စစ် အာဏာရှင် ပညာရေး စနစ်ဆိုသည့် အစိုးရကျောင်းကို ဆက်မတက်ချင်သောကြောင့် ကိုယ်ပိုင်ကျောင်းများ၌ ဆက်လက် ပညာသင်ကြား နေကြသည်။

“ကျမတို့ကတော့ ဖွင့်လာတာကြာပြီ အဲ့ကျောင်းက စည်းကမ်းတွေက သိပြီးသားပါ။ အခုဟာက မသိတော့ပါ ဘူး။ ကျောင်းသားစာရင်းတွေ ပြန်တောင်းပြီး ပြန်လုပ်နေကြတာ။ အခု အစိုးရခေတ်က ဘာတွေလုပ်မှန်းကို မသိတော့ဘူး“ ဟု တောင်ကြီးမြို့ဒေသခံ အမည်မဖော်လိုသူ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်သူ တစ်ဦးက ပြောသည်။

အဆိုပါ အစိုးရကျောင်း မဟုတ်သည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများသည် နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ်ခန့် စစ်ဆေးမေးမြန်းမှု ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသူ၊ ကျောင်းသားများက ကိုယ်ပိုင် ကျောင်းများ၌ ရွှေ့ပြောင်း ပညာသင်ကြားလာသည့်အပေါ်  ဖိအားပေး ခံနေရခြင်းဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင်ကျောင်းများတွင် ပညာရေးကျောင်းစာအပြင် လက်ရှိတွင် ဂီတ၊ ကွန်ပျူတာသင်တန်း၊ ဘာ သာစကား စသည်ဖြင့် ပညာရပ်များ ထည့်သွင်းသင်ကြားလာသောကြောင့် ကျောင်းသူ၊ ကျောင်းသား ဦးရေ ပိုများလာနေသည်။

ကိုယ်ပိုင်ကျောင်းဖွင့်ထားသူ က “ဒီနှစ် ကျောင်းမှာတော့ ကျောင်းသား၊ ကျောင်းသူတွေ ပိုများလာတာပေါ့။ ကျောင်းမှာလည်း ကျောင်းစာတွေ အပြင် ဂီတတွေ၊ ကွန်ပျူတာတွေ၊ ဘာသာစကားတွေ သင်ပေးတယ်လေ။ အခု နိုင်ငံခြားတွေသွားရင် မျက်နှာ မငယ်ရအောင်လို့ ဘာသာစကားတွေမှာလည်း အင်္ဂလိပ်အပြင် တရုတ်တွေ လည်း သင်ပေးတယ် “ ဟု ပြောသည်။

အလားတူ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် စာသင်ကျောင်းတွင် နိုင်ငံရေး မသင်ကြားရန်နှင့် ကျောင်းသား များကို နိုင်ငံရေး နှင့် ပတ်သက်ပြီး သင်ကြားပို့ချခြင်း မပြုလုပ်ရန် စစ်ကောင်စီက မှာကြားထားကြောင်း CDM  ဆရာများ၏ ပြောပြချက်အရ သိရှိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...