သထုံကားလမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

သထုံကားလမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ် ရာရရှိ ခဲ့သည်။

ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဘုန်ကြီးကျောင်းအနီး ရန်ကုန်-မော် လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၅ နှင့် ၁၄၇/၆ ကြားတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲချိန်တွင် နောင်ကုလား ကျေးရွာဘက်မှ သထုံမြို့ဘက်သို့ ဖြတ်သန်း မောင်းနှင်လာသည့် ဘေးတွဲ ဆိုင်ကယ်တစ်စီးအား ထိမှန်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ နောင်ကုလားနေ အသက် ၄၅ နှစ် အရွယ် ဦးအောင်မြင့် ကြည် (ခ) ကိုမောင်စီး ဆိုသူ၏ ဝမ်းဗိုက်၊ ဝဲဘက်ပေါင်နှင့် ယာ‌ဘက်ခြေထောက်တို့တွင် မိုင်းစထိမှန်ကာ ထိခိုက် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သည်။

“ဘေးတွဲဆိုင်ကယ်က ဖြတ်သွားနေတဲ့အချိန်မှာ ပေါက်ကွဲသွားတော့ ထိသွားတာ။ တခြားထိခိုက်ဒဏ်ရာရတဲ့ သူ တော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းစ ထိမှန်ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရသည်။

သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ပြီးခဲ့သည့် ဇွန် လ ၆ ရက်နေ့ကလည်း ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည့် အပြင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များ၊ လူမှုကယ် ဆယ်ရေး ယာဥ်များနှင့် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဥ်၊ မိုင်းဆွဲ တိုက်ခိုက်ခံရသည့် ဖြစ်စဥ်များ မကြာခဏ ဖြစ်လေ့ရှိသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ထိခိုက်မှုအပြင် သေဆုံးမှုများလည်း ရှိနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...