ချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
ချောင်းနှစ်ခွတံတားအနီးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ချောင်းနှစ်ခွတံတား အတက်လမ်းအနီးတွင် အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်က ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး နောက် တံတားကို စစ်ကောင်စီတပ်တို့က ပိတ်ထားခဲ့သည်။

ထိုအချိန်တွင် ချောင်းနှစ်ခွကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုငြိမ်းချမ်းဆိုသူက ခြံသွားရန် ထွက်လာရာမှ တံတားပိတ်ထားသည်ဆိုပြီး ရွာဘက်သို့ ပြန်လှည့်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“မနက်ပိုင်းမှာ သေနတ်သံတွေ တိတ်သွားတော့ ကိုငြိမ်းချမ်းက ခြံထဲသွားဖို့ ဆိုင်ကယ်နဲ့ ထွက်သွားတာ၊ တံတား က ပိတ်ထားတော့ ရွာဘက်ကို ပြန်လှည့်လာတဲ့အချိန်မှာ Sniper နဲ့ နှစ်ချက် ပစ်ခတ်ခံထိသွားတာ။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကိုငြိမ်းချမ်းသည် အငြိမ်းစားဗိုလ်မှူးတစ်ဦး၏ သားဖြစ်ဖြစ်သည်ဟုလည်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ကိုငြိမ်းချမ်းကို ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီတပ်ဖွဲ့တို့ဘက်က ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ပြောဆိုကြ သည်။

စစ်ကောင်စီတပ်ကို ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ KNU/PDF တို့က ပစ်ခတ်သည့် လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုငြိမ်းချမ်း ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ကိုငြိမ်းချမ်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် မီးသင်္ဂြိုဟ်လိုက်သည်ဟုလည်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ဈ နံနက်ပိုင်းက ချောင်းနှစ်ခွတံတား လုံခြုံရေးဂိတ်အပြင် ချောင်းနှစ်ခွ နယ်မြေရဲစခန်းကို Saw Dragon Drone Force နှင့် Lion Battalion Commando – ဗျူဟာစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးသည်ဟု Saw Dragon Drone Force ထုတ်ပြန်ထားသည်။

May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...
ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...