ဟားခါး-ထန်တလန်အကြား သီမြစ်အနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖက်က ၂ ဦးကျဆုံး

ဟားခါး-ထန်တလန်အကြား သီမြစ်အနီးတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖက်က ၂ ဦးကျဆုံး
Photo - The Chinland Post
Photo - The Chinland Post

ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းကစတင်၍ တိုက်ပွဲဖြစ်ပွါးပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်၂ ဦးကျဆုံးကာ ဒါဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ယနေ့ ဇူလိုင်လ ၃ ရက်နေ့ အာရုံဦးအချိန်တွင် ဟားခါး-ထန်တလန်အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက် ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက်က ချင်းကာကွယ်ရေးတပ်ဖွဲ့များ ရှိသည်ဟု ယူဆရ သော နေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်ကြား နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဟု ဒေသတွင်း သတင်းအရင်း အမြစ်များက ပြောသည်။

“ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက်တာက ဗုံးလာ ကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံး တာပေါ့နော်။ ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆-၇ ယောက်လောက်ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက် သေတယ် ဆိုတာအတိအကျတော့ ပြောလို့ မရပေမဲ့ ထိခိုက် သေဆုံးမှု များမယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲက အနီးကပ် ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သော သတင်း အရင်းအမြစ်တစ်ဦး က ပြောသည်။

ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ် ရေး ကျောက်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သေးသည်ဟု ဆိုသည်။

လွန်ခဲ့သည့် မေလ ၂၅ ရက်နေ့မှ စတင်ကာ သီမြစ်လွင်ပြင် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေခဲ့ကာ မေလ ၂၉၊ ၃၀ ရက်နေ့နှင့် ယနေ့ ဇူလိုင်လ ၃ ရက်နေ့တို့တွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခြင်းဖြစ်သည်။

ဇူလိုင်လ ၂ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ဝန်းကျင်တွင်လည်း ဟားခါးမြို့ပေါ်  BOC ရုံး၊ စုပေါင်းရုံး အနီးတဝိုက်နှင့် ဟားခါးဆေးရုံတွင် သေနတ်ပစ်ခတ်ခြင်းများရှိပြီး ဆေးရုံဝန်းရှိ ခွဲစိတ်ဆောင်နှင့် ဝန်ထမ်းနားနေဆောင်အား သေနတ်မှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုအတောအတွင်း ဟားခါးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...