ရခိုင်က မုန်တိုင်းဒဏ်သင့်မသန်စွမ်းများ အကူအညီလိုအပ်နေ

ရခိုင်က မုန်တိုင်းဒဏ်သင့်မသန်စွမ်းများ အကူအညီလိုအပ်နေ
မုန်တိုင်းသင့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ မသန်စွမ်းသူတစ်ဦးနှင့် ၎င်းအားပြုစုစောင့်ရှောက် နေသော မိခင်ဖြစ်သူတို့ကို ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
မုန်တိုင်းသင့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ မသန်စွမ်းသူတစ်ဦးနှင့် ၎င်းအားပြုစုစောင့်ရှောက် နေသော မိခင်ဖြစ်သူတို့ကို ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်အတွင်းက မုန်တိုင်းဘေးဒဏ်သင့် မသန်စွမ်းသူများမှာ ပျက်စီးသွားသည့်နေအိမ်များကို မဆောက်လုပ် နိုင်သေးသည့်အပြင် စားနပ်ရိက္ခာအခက်အခဲကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

မကြာမီ မိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်သော်လည်း နေအိမ်ပြန်မဆောက်နိုင်သေးသဖြင့် ပျက်စီးသွား သောနေရာတွင် ဖြစ်သလိုနေထိုင်နေရကြောင်း မသန်စွမ်းသူများက ပြောသည်။  

ပေါက်တောမြို့၊ ဗိုလ်တထောင်ရပ်ကွက်မှ ဘက်ဘက်ခြေထောက်မသန်စွမ်းသူ ဦးအထွန်းက “မုန်တိုင်းကြောင့် ကျနော့်အိမ်အကုန်ပါသွားတယ်။ အခုနေရတာလည်း မလုံခြုံတော့ဘူ။ မိုးရွာရင် ဒီတိုင်းထိုင်နေရတယ်။ အလုပ် လည်း မရှိဘူး။ စားနပ်ရိက္ခာများလည်း ပြတ်လပ်နေပြီ။ အစိုးရ (စစ်ကောင်စီ)ကလည်း ဆန်လေးသိုက် (နို့ဆီဗူး ၁၆ ဗူး) ပေးပြီးတော့ ပျောက်သွားတာပဲ” ဟု ပြောသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိပြီး ယင်းအထဲမှ မသန် စွမ်း ၇၀ ရာခိုင်နှုန်းမှာ မိသားစု၏ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြသူများဖြစ်သည်။

မသန်စွမ်းသူများသည် နေ့စဉ်လူမှုဘဝဖြတ်သန်းမှုတွင် သာမာန်လူများထက် အခက်အခဲမျိုးစုံဖြင့် ရပ်တည်နေ ကြရသည်ထဲ မုန်တိုင်းတိုက်ခတ်မှုအပြီးမှာ ယခင်ကထက် ပိုမိုအခက်ကြုံနေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ  ညာဘက်ခြေထောက် မသန်စွမ်းသူ ဒေါ်ခင်လှက ပြောသည်။

“အိမ်ကတော့ တစ်ဝက်လောက် ပျက်စီးသွားတယ်။ ပြန်ပြုပြင်ဖို့ ပိုက်ဆံလိုတယ်။ ကျမ ယောက်ကျား  ဝင်ငွေ လေးတစ်ခုနဲ့ မဖူလုံဘူး။ ကလေးတစ်ယောက် ပညာရေးလည်း ရှိသေးတယ်။ အစစအရာရာကတော့ ခက်ခဲတာ ပဲ။ ပုံမှန်လူတွေထက် နှစ်ဆလောက် ခက်ခဲတယ်” ဟု ဒေါ်ခင်လှက ပြောသည်။

ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ဒေသရှိ မသန်စွမ်းသူများ၏ ထိခိုက်ပျက်စီးမှုစာရင်းကို ကောက်ယူလျက်ရှိပြီး လက်ရှိတွင် မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်တို့မှ မသန်စွမ်းသူများ၏ နေအိမ်ပျက်စီးမှုနှင့် လိုအပ်ချက်များကို စစ်ကောင်စီထံ တင်ပြထားကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူများအသင်းထံမှ သိရသည်။

လက်ရှိမှာ မုန်တိုင်းဘေးဒဏ်သင့် မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့မှုများ အလွန်နည်းပါးနေသေးဖြင့် ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရကြောင်း ရခိုင်ပြည်နယ် မသန်စွမ်းသူ များအသင်း ဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။

“အစိုးရ(စစ်ကောင်စီ)ကလည်း မသန်စွမ်းသူတို့အတွက်ဆိုပြီး သီးသန့်တော့ ဘာမှလုပ်မပေးသေးဘူး။ ကျနော်တို့ အဖွဲ့ကတော့ တတ်နိုင်သလောက်ကူညီမယ်လို့တော့ လုပ်ထားတယ်။ ပစ္စည်းတချို့လည်း အသင့်ရှိနေပြီ” ဟု ဦးလှမြင့်က ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော အင်အားပြင်း “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်၊ အဆောက်အအုံ အများအပြားပျက်စီးကာ ပြည်သူတစ်သန်းနှစ်သိန်းကျော် ထိခိုက်နစ်နာခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ အရေးပေါ်လိုအပ်နေသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ် မှုများစွာ ရှိနေကြသည်။

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...