PDF ထောက်ပံ့မှုဖြင့် အမျိုးသမီးတစ်ဦ ထောင်ဒဏ် ၁၀ နှစ် ချခံရ

PDF ထောက်ပံ့မှုဖြင့် အမျိုးသမီးတစ်ဦ ထောင်ဒဏ် ၁၀ နှစ် ချခံရ

ကံပေါက်ဒေသမှ အမျိုးသမီးတစ်ဦးကို PDF များအား ထောက်ပံ့နေသည်ဟု စစ်ကောင်စီက စွပ်စွဲကာ ထောင် ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အမိန်ချမှတ်ခံခဲ့ရသူမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ လှည်းကုန်း (အမှတ် ၁) ရပ်ကွက်တွင် နေထိုင်သည့် မမီးသက် အသက် ၃၂ နှစ် ဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁ နာရီခန့်က စစ်ကောင်စီရေတပ်မှ လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင် တစ်ဦးက “ဖုန်းထဲမှာ PDF ထောက်ပံ့တဲ့ အချက်တွေ တွေ့လို့ဆိုပြီး အတင်း ခြောက်လှန့် ဝန်ခံခိုင်းခဲ့ တာလို့ သိရတယ်။ သူက ကျန်းမာရေးလည်း ချူချာတတ်လို့ စိတ်ပူတယ်” ဟု ပြောသည်။

ဖမ်းဆီးသွားပြီးနောက် ရေတပ်အတွင်း တစ်လကြာ စစ်ဆေးခဲ့ပြီးမှ ထားဝယ်အချုပ်ထောင်သို့ ပို့ဆောင်လိုက် ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-ည ဖြင့် စွဲချက်တင်ပြီး ၃ လအကြာ မေလ၂၄ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။



မမီးသက်ကို ဖမ်းဆီးစဉ်က ကံပေါက် ဒေသခံအချို့လည်း အတူဖမ်းဆီးခံခဲ့ရပြီး တစ်ပတ်အကြာခန့် စစ်ဆေးခဲ့ ပြီးနောက် အတူ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးခဲ့ကာ သူ့ကိုတော့ ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၂၇ ရက်နေ့ကလည်း ကံပေါက်ဒေသခံ ကိုငယ်လေးကို စစ်ကောင်စီထောင်တွင်း တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်ခဲ့ပြီး ကံပေါက်ဒေသတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ဖြင့် တရားစွဲ ထောင်ချခံထားရသူ ၃ ဦးရှိနေပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ ထိတိုင် နိုင်ငံတဝှမ်းတွင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၇၂၆) ဦးရှိပြီး ထိုအထဲမှ  (၁၈၄၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၁၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

AAPP ၏ ထုတ်ပြန်ချက်အရ မေလ ၂၆ ရက်နေ့၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ သေဒဏ်ချ မှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၆) ဦးရှိပြီဖြစ်သည်ဟု AAPP က ဆိုသည်။

ထို့အပြင် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၁၉) ဦး ရှိသည်ဟုဆိုသည်။

ဓါတ်ပုံ - KRCEE (ပုံဟောင်း)
August 25, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည့် ကျောင်းနေအရွယ် ကလေးများကို ကန့်သတ်...
ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 24, 2026
ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊...
August 24, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေနှင့် တော်...