ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဖလမ်း - ဟားခါးကြားတွင် ပျောက်ဆုံးသွားသော ဒေသခံ ၂ ဦး၏ မီးရှို့ခံထားရသော ရုပ်အလောင်းကို စစ်ကောင် စီတပ်ဖွဲ့များ စခန်းချခဲ့သည့် နေရာတွင် မိသားစုဝင်များက တွေ့ရှိခဲ့ကြသည်။

အလောင်းတွေ့ရှိသည့်နေရာသည် ဟားခါးမြို့နှင့် နှီယာလ်လှောန်းရွာသစ်အနီး သီဖိုလ်လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ စခန်းချသည့် နေရာတွင်ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် သီဖိုလ်လမ်းရှိ ၎င်းတို့တပ်စွဲထားသည့် စခန်းမှ ထွက်ခွါခဲ့ပြီးနောက် မေလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မိသားစုဝင်များက ပျောက်ဆုံးသူနှစ်ဦးအား ပြန်လည်ရှာဖွေရန် သွားရောက်စဉ် မီးလောင်ကျွမ်းပြီး ဖြစ်သော ရုပ်အလောင်း ၂ လောင်း တွေ့ခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“စစ်သားတွေက သူတို့စခန်းသိမ်းပြီးတော့ အဲဒီပျောက်ဆုံးသူတွေရဲ့ အမျိုးတွေက စိတ်ကြေနပ်ဖို့ နောက်ဆုံး တစ်ခေါက် သွားရှာရအောင်ဆိုပြီးသွားကြတာ မီးရှို့ထားတဲ့ အလောင်းနှစ်ခုတွေ့တယ်။ သူတို့ရုပ်က မပေါ်တော့ ဘူး။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးပါလာတဲ့ စီးကွင်းထိုးထားတဲ့ တီးတိန်းရိုးရာ ထဘီပါသွားတယ်လို့ပြောတယ် အဲ့ဒီစီးကွင်းတွေက ရုပ်အလောင်းနားမှာရှိတယ်။ အဲဒါနဲ့ သူတို့က အလောင်းကို အတည်ပြုလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကြွင်းကျန်ရုပ်အလောင်း ၂ လောင်းကို ဟားခါးမြို့ရှိ ဆွေမျိုးအိမ်တွင်သယ်လာကြပြီး မေလ ၂၃ ရက်နေ့ တွင် အသုဘချ သင်္ဂြိုလ်လိုက်ပြီဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က တီးတိန်မြို့နေ မကျင်းဟောက်ဝုန် အသက် ၃၇ နှစ်နှင့် ဟားခါးမြို့နေ အသက် ၃၂ နှစ်အရွယ် ဦးလျန်းဇထွန်းတို့ ၂ ဦးသည် နိုင်ငံကူး လက်မှတ်သက်တမ်းတိုးရန် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင် ကယ်ဖြင့် ခရီးသွားခဲ့ကြရာ ချွန်ကျုံးရွာနှင့် ဟားခါးအကြား စစ်ကောင်စီစခန်းချသည့် နေရာအနီးတစ်ဝိုက်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်များမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များထံသော်လည်းကောင်း၊ ကိုယ့်နည်းကိုယ့် ဟန် ဖြင့် ရှာဖွေစုံစမ်းကြရာတွင် မေလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာနေရာမှ ထွက်ခွါကြ ပြီးနောက် ယင်းနေရာကို သွားရောက်ရှာဖွေကြရာမှာ သတ်ဖြတ်မီးရှို့ခံထားရသော မကျင်ဟောက်ဝုန်နှင့် ဦးလျန်ဇထွန်းကို ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...