နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦး ကျဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသော အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ ချင်းအမျိုးသား အဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းတည်ထောင်ပြီး နောက်ပိုင်း အမျိုးသား တာ ဝန်ကို ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့သူ ရဲဘော် ၃၂ ဦးရှိခဲ့ပြီဟု ၂ နှစ်မြောက် ချင်းအမျိုးသား အာဇာနည်နေ့ တွင် ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက်အသက်ပေးခဲ့ကြသူများ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ မပေါ်ပေါက်ခင်က ပြည်မ၊ တောင် တန်းဒေသမှ ချင်းအမျိုးသား အာဇာနည် သူရဲကောင်းများအား အမှတ်ရ ဂုဏ်ပြုရန်အတွက် ချင်းအမျိုးသား အဖွဲ့ ချုပ် (CNO) က မေလ ၂၁ ရက်နေ့ကို “ချင်းအမျိုးသားအာဇာနည်နေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။

မတူညီသော အချိန်၊ နေ့ရက်၊ ခုနှစ်များတွင် ကျဆုံးခဲ့ကြသော ချင်းအမျိုးသားအာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့ဝင်ထဲမှ ပထမဦးဆုံး အသက်ပေး ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို အစွဲပြု၍ ချင်းအမျိူးသား အာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် CNO ကသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

မေလ ၂၁ ရက်နေ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် စိုးမိုးနယ်မြေများတွင် ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက် လွှင့်ထူခြင်း၊ ဆုတောင်းအောက်မေ့ပွဲများ ကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက် ရည်စူး၍ ကောက်ခံသော အလှူငွေများအား ပေးအပ်ခြင်း၊ ကျဆုံး အာဏာနည်များအား ဂုဏ်ပြုအလေးပြုခြင်းများ ပြုလုပ်လေ့ရှိသည်ဟု CNO ကဆိုသည်။

CNO/CNDF အနေဖြင့် ချင်းအမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အရှိန် မဟုန် မပြတ် ဆထက်တပိုးထမ်းဆောင်သွားမည်ဟု ကျဆုံးသွားသော အာဏာနည်သူရဲကောင်းများ၏ အမည်ကို တိုင်တည်ရင်း သစ္စာဆို ကတိပြုခဲ့ကြသည်ဟု ချင်းအမျိူးသားအဖွဲ့ချုပ် က ထုတ်ပြန်ထားသည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...