မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က အဆောက်အအုံများ ပျက်စီး

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က အဆောက်အအုံများ ပျက်စီး

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များ ၏ ဌာနချုပ် အဆောက် အအုံများ အပါအဝင် လူနေအိမ်များလည်း ပျက်စီးမှုရှိခဲ့သည်။

အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့ အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

မေလ (၁၄) ရက်နေ့ ညနေပိုင်းက ချင်းပြည်နယ်ကို တစ်နာရီ မိုင် (၅၀) ကနေ မိုင်(၇၀)အထိ တိုက်ခိုက်ဝင်ရောက် ခဲ့ပြီး မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ ၊ ဖလမ်းစသည့် မြို့နယ်များကို ဖြတ်သန်းသွားခဲ့ သည်။

မုန်တိုင်းကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်က CDF-Matupi ဌာနချုပ်စခန်း အဆောက်အအုံအချို့ ပျက်စီးခဲ့ခြင်း ကြောင့် ဗုံးခိုကျင်းများတွင် အိပ်စက်ခဲ့ရသည်ဟု CDF-Matupi က ထုတ်ပြန်သည်။

ထို့အပြင် မုန်တိုင်းကြောင့် မတူပီမြို့နယ်အတွင်း ကျေးရွာအချို့က နေအိမ်များ ပျက်စီးခဲ့သည်ဟု သိရသော်လည်း ဆက်သွယ်ရေး အခက်အခဲကြောင့် ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ကန်ပက်လက်မြို့နယ် မကြားအိမ်နူးတွင်လည်း လူနေအိမ်တလုံး၊ ဘုရားကျောင်းတစ်ကျောင်း၊ စာသင်ဆောင်နှစ် ခု အမိုးလန်ပျက်စီးခဲ့ပြီး၊ ပလက်ဝမြို့နယ် ဆမီးမြို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အိမ်ခေါင် မိုးလန်ကာ ပျက်စီးမှုရှိခဲ့သည်။

ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ဘက်တွင်လည်း အိမ် ၂ လုံးပြိုခဲ့သည်ဟု ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံ ကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

အလားတူ ပလက်ဝမြို့နယ် CDF-Paletwa တပ်ရင်း ၂ ဌာနချုပ်အမိုးအကာ ဆိုလာများ ထိခိုက်ပျက်စီးခဲ့သည့် အပြင် ဖလမ်းမြို့နယ်က CNDF တပ်ရင်း ၂ ဌာနချုပ် အမိုးအကာများ ဆိုလာများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ကို နာရီအတော်အသင့်ကြာအောင် ဖြတ်သန်းခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနယ်မြေများတွင် ယနေ့ နံနက်ပိုင်း၌ အားပျော့ပျက်ပြယ်သွားပြီ ဖြစ်ပါသည်ဟု NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် ဖြတ်ကျော်စဉ် ဖြတ်သန်းရာဒေသများတွင် မုန်တိုင်း၏ သက်ရောက်မှုများကြောင့် ဆည်များရေလျှံခြင်း၊ မိုးကြီးခြင်း၊ ချောင်းရေများစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားသည့်အတွက် ထိခိုက်ပျက်စီးမှုများစွာ ရှိနေသည်။

လတ်တလောတွင် ထိခိုက်ပျက်စီးမှုများကို စာရင်းကောက်ယူ စုဆောင်းနေဆဲဖြစ်သည်ဟု လူသားချင်း စာနာ ထောက်ထားရေးနှင့် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မေလ (၁၅) ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...