ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပ

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပ
by -
နိရဥ္စရာ
ကျောက်ဖြူကျေးလက် ဒေသဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို လိပ်ခမော် ဘုန်းတော်ကြီးကျောင်းတွင် ဇူလှိုင်လ ရ ရက်နေ့မှ ၈ ရက်အထိ နှစ်ရက်တိုင်တိုင်ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းနှစ်ပတ်လည် အစည်းအဝေးသို့ကျေးရွာပေါင်း ၅၄ ရွာ၊ မိတ်ဘက်အဖွဲ့အစည်း ၈ ခု မှ ကိုယ်စားလှယ်ပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ပြီး အသင်းအနေဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  တက်ရောက်လာသူများ၏ သဘောထားများဖြင့် တညီတညွှတ်တည်း ချမှတ်ခဲ့ကြသည်။

နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် တက်ရောက်သူများ အဓိက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများမှာ ကျောက်ဖြူအထူးစီး ပွားရေးဇုန်စီကိန်းကိစ္စ၊ ကျောက်မီးသွေးလျှပ်စစ်စက်ရုံစီမံကိန်းကိစ္စ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ကိစ္စ၊ အထူးစီးပွားရေးဇုန်မြေယာနှင့်ဆက်စပ်နေသာအကြောင်းအရာ ကိစ္စ၊ ကျောက်ဖြူတစ်မြို့နယ်လုံး လျှပ်စစ်မီးရရှိရေးနှင့် လက်ရှိ မဲစာရင်းထုတ်ပြန်မှု ကိစ္စတို ့ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်၍ ဆိုးကျိုး၊ ကောင်းကျိုး၊ အားသာချက်၊ အားနည်းများကို ဒေသခံများကသာ ဆုံးဖြတ်နိုင်ခွင့်ရရှိရေးကို  အစည်းအဝေးမှတောင်းဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ မေလ၂၁ရက်က မအူပြိန်ကျေးရွာတွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံဆွေးနွေးပွဲဆုံးဖြတ်ချက်ကို ဤအစည်းအဝေးမှ ထောက်ခံအတည်ပြုသည်။

မအူပြိန်ကျေးရွာတွင်ပြုလုပ်ခဲ့သော လူထုတွေ့ဆုံဆွေးနွေပွဲ ဆုံဖြတ်ချက်မှာ ကျောက်မီးသွေး  လျှပ်စစ် ဓာတ်အား ပေးစက်ရုံစီမံကိန်းသည် လူနှင့်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သောကြောင့် ကန့်ကွက်ရန်နှင့် ရခိုင်ပြည်သည် သဘာဝဓာတ်ငွေ့ ထွက်သော ပြည်နယ်ဖြစ် ၍ ကျောက်မီးသွေးစက်ရုံစီမံကိန်းမလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ကျောက်ဖြူတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပြုလုပ်ပေးနေရာတွင်  အမှားအယွင်း များနေသောကြောင့် လုပ်ထုံးလုပ်နည်း အတိုင်း ပြုလုပ်ပေးရန် တောင်းဆို ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ် တစ်မြို့နယ်လုံး လျှပ်စစ်မီးရရှိရေး တောင်းဆိုသည်။ ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း၂၄၀ ကျော်ရှိရာ ရွာပေါင်း ၂၀ကျော်သာ လျှပ်စစ်မီးရသေးကြောင်းသိရသည်။

လက်ရှိမဲစာရင်းထုတ်ပြန်မှုတွင် မဲစာရင်းအများအပြား မှားယွင်းနေမှုအား ပြန်လည်စိစစ်ပြင်ဆင်ပေးရန် တောင်းဆိုသည်။ ကျေးရွာ အများအပြားမဲစာရင်းမှားယွင်းမှုရှိနေရာ တစ်ချို့ကျေးရွာတွင် မဲစာရင်းကို တစ်ရက်သာ ကပ်ခဲ့သည်။ အချို့ကျေးရွာတွင် မဲစာရင်းရွာသို့ရောက်သော်လည်း ကပ်မထားကြောင်း ဒေသကိုယ်စားလှယ်များက တင်ပြခဲ့ကြသည်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ၏ ဥက္ကဌ ကိုမောင်အေး က “ နှစ်ပတ်လည် အစည်းအဝေးမှ ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေကို  ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

၎င်းအစည်းအဝေးသို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ကျေးရွာကိုယ်စားလှယ်များအပြင် အမ်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကျောက်ဖြူလူမှုကွန်ယက်၊ sky-youth ၊ အမှတ်(၈) လူမှုကွန်ယက်၊ အမှတ်(၇)လူမှုကွန်ယက်၊ သဇင်သွေးသစ်လူမှုကွန်ယက်၊ ရက္ခအားမာန်လူမှုကူညီရေးအသင်း၊ မဒဲကျွန်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း နှင့် ရပ်ကျေး ပါတီခေါင်းဆောင်များ၁၂၀ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...