မိုင်ဂျာယန်ရှိ ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှ နွေဦးတော်လှန်ရေးတွင် ပါဝင်ရှားသူများအတွက် ပညာသင်ကြားနိုင်ရေး သီးခြားစဉ်းစားပေးမည်

မိုင်ဂျာယန်ရှိ ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်းမှ နွေဦးတော်လှန်ရေးတွင် ပါဝင်ရှားသူများအတွက် ပညာသင်ကြားနိုင်ရေး သီးခြားစဉ်းစားပေးမည်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ၊ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ဥပဒေ အကယ် ဒမီ ကျောင်းမှ နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းက လူငယ် တွေအတွက် ပညာသင်ကြားခွင့်ရရှိစေဖို့ သီးခြားစဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၃ - ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းကျောင်း အောင်မြင်ပြီးတဲ့အပြင် နွေဦးတော် လှန် ရေးမှာ ပါဝင်ပြီး ပြည်တွင်း တက္ကသိုလ်တစ်ခုခုကနေ CDM ပြုလုပ်ထားတဲ့ လူငယ်တွေနဲ့ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ဒေသက လူငယ်တွေအတွက် သီးခြားစဉ်းစားပေးသွားမှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်ရာ ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်းမှ “တိုင်းရင်းသား ခုခံစစ်ဆင် အဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေကြသည့် လူငယ်များ အတွက် သီးခြားစဉ်းစား ပေးမည်” လို့ ပြောပါတယ်။

ဖက်ဒရယ် ဥပဒေအကယ်ဒမီ ကျောင်းဟာ ၂ နှစ်တက်ရောက်ရတဲ့ ဥပဒေ ဒီပလိုမာဖြစ်ပြီးတော့ အသက် ၁၈ နှစ် အထက်နဲ့ အသက် ၃၅ နှစ်အောက်ရှိရမှာ ဖြစ်ပြီး အခြေခံပညာ အထက်တန်း အောင်မြင်ပြီးစီးကြောင်း လက် မှတ်၊ တက္ကသိုလ်/ကောလိပ်တစ်ခုခုကနေ ရရှိထားတဲ့ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်တို့ ရရှိထားသူတွေ တက် ရောက်ခွင့်ရှိတဲ့ ကျောင်းဖြစ်ပါတယ်။

ဖက်ဒရယ် ဥပေဒ အကယ်ဒမီကျောင်းမှာ လူမျိုးဘာသာမရွေး တက်ရောက်နိုင်ပြီး ဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်၊ လွတ်လပ်တဲ့ တရားစီရင်ရေး၊ မျှတတဲ့ စစ်ဆေးစီရင်မှု၊ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေများ၊ နိုင်ငံတကာလူသားချင်း စာနာထောက်ထားတဲ့ ဥပဒေ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာဥပဒေ၊ မြေ ယာဥပဒေ၊ ဓလေ့ထုံးတမ်းဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေများ၊ တရားမမှု ဆိုင်ရာဥပဒေ အစရှိတဲ့ ဥပဒေ ဘာသာရပ် ၂၂ ရပ်ကို သင်ကြားခွင့်ရမှာဖြစ်ပါတယ်။

ဖက်ဒရယ်ဥပဒေ အကယ်ဒမီကျောင်း တက်ရောက်ပြီးတဲ့နောက် အနိမ့်ဆုံးအနေနဲ့ ဥပဒေအကြံပေးသူအဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်တဲ့အပြင် လူထုအသင်းအဖွဲ့တွေနဲ့ ဥပဒေအဖွဲ့အစည်းတွေမှာလည်း ဝင်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုရဲ့ အဖွဲ့ဝင် ပြည်နယ်တွေရဲ့ တရားစီရင်ရေးယန္တရားတွေမှာ ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့ မျှော်မှန်းကာ လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောတယ်။

ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်းရဲ့ ရည်ရွယ်ချက်ဟာ ဥပဒေစိုးမိုးရေး အခြေခံကနေ လူ့အခွင့်အရေးကို ဦးတည်ပြီး လွတ်လပ်တရားမျှတ ငြိမ်းချမ်းတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် ဖြစ် တယ်လို့ ဆိုပါတယ်။

တစ်နှစ်ကို ကျောင်းသူ/ကျောင်းသား လူဦးရေ ၇၀ ဝန်းကျင် လက်ခံသင်ကြားနေတာ ဖြစ်ပြီးတော့ ကျောင်း စရိတ်နဲ့ နေထိုင်စားသောက် စရိတ် စုစုပေါင်း တစ်နှစ်ကို ၄၇၀၀ ယွမ် (မြန်မာကျပ်ငွေ ၁၈ သိန်းခန့် ) ကုန်ကျမှာ ဖြစ်ပါတယ်။

KIO ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “တစ်ခြားကျောင်းတွေကို ဖွင့်ပေးတာကလည်း ခေတ်မှီ တိုး တက်တဲ့ ပညာရေးကို ကိုယ့်ဒေသကိုယ့်နေရာမှာနေပြီး သင်ယူခွင့်ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်တာ ဟုတ် တယ်” လို့ ပြောပါတယ်။

မိုင်ဂျာယန်မြို့မှာ  ဖက်ဒရယ် ဥပဒေ အကယ်ဒမီကျောင်းအပြင် မိုင်ဂျာယန်ကောလိပ်၊ Institute of Education (IED)၊ Institude of Liberal Arts and Sciences (ILAS) အစရှိတဲ့ တက္ကသိုလ်တွေမှာလည်း မိမိကြိုက်နှစ်သက်ရာ ဘာသာတွေကို ပညာဆည်းပူးခွင့်ရှိတယ်လို့ KIO ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

KIO ပညာရေးပိုင်းကနေ တိုက်ရိုက်ဖွင့်လှစ်ထားတဲ့ကျောင်းကတော့ Institude of Education (IED) ကျောင်း တစ် ကျောင်းသာ ဖြစ်ပြီး အဲ့ဒီကျောင်းဟာ ဆရာအတတ်သင်ကျောင်း ဖြစ်တာနဲ့အညီ တိုင်းရင်းသားတွေရဲ့ ပညာရေး ကို ခေတ်နဲ့အညီ သင်ကြားပို့ချပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ KIO ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်း သူကျောင်းသား တစ်ထောင်ကျော်ခန့်ရှိနေပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...