CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Senthang ဌာနချုပ်ကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၁၁ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်လုံခြုံရေးအခြေအနေ ကြောင့် ဟားခါး-မတူပီကားလမ်းကိုလည်း ယာယီပိတ်ထားလိုက်ရသည်။

CDF- Senthang ဌာနချုပ် တပ်စခန်းနှင့် ခွါပီးကျေးရွာတို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ခန့် ထပ်မံ ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မေလ ၈ ရက်နေ့က ဗုံးကြဲထားတယ်။ ပြီးတော့ နောက် သုံးရက်လောက်ကြာတော့ ပြန်လည် ဗုံးကြဲသွားတယ် ဆိုတော့ နောက်‌ခေါက်ပြန်ပြီးတော့ မကြဲနိုင်ဘူးလို့ ပြောလို့မရသေးဘူးပေါ့နော်။ အဲ့ဒါကြောင့်မို့ ပြည်သူတွေ လုံခြုံဖို့ အဓိကထားပြီးတော့ ခေတ္တ ပိတ်ထားတာပေါ့နော်” ဟု CDF-Senthang ပြောရေးဆိုခွင့်ရှိသူက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု ရှိ/မရှိ အခြေအနေနှင့် ပတ်သက်၍ မြေပြင် ဆက်သွယ်မှု အခက်ခဲကြောင့် အတိအကျ သိရှိထားခြင်းမရှိသေးဘူးဟု ၎င်းက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် ဟားခါး-မတူပီ ကားလမ်းကိုလည်း မေလ ၁၁ ရက်နေ့က စတင်ပြီး ယာယီပိတ်ပင်ထားလိုက်ရသည်ဟု CDF-Senthang က ထုတ်ပြန်သည်။

CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာနှင့် CDF-Senthang ဗဟိုအလုပ်အမှုဆောင် ကောင်စီ ရုံးနေရာတို့ကို မေလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က Mi-35 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...