စစ်ကောင်စီတပ်စခန်းအနီး နေထိုင်သည့် ပြည်သူများ ပြောင်းရွှေ့ရန် CDM Siyin က ထုတ်ပြန်

စစ်ကောင်စီတပ်စခန်းအနီး နေထိုင်သည့် ပြည်သူများ ပြောင်းရွှေ့ရန် CDM Siyin က ထုတ်ပြန်

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး တစ်မိုင်ပတ်လည်အတွင်း နေ ထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နောက် ဆုံးထားပြီး ပြောင်းရွှေ့ကြရန် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်သည်။

ခိုင်ကမ်းမြို့ ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားခြင်း ဖြစ်သည်။

CDM Siyin တာဝန်ရှိသူက “ကျွန်တော်တို့က ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရမဲ့အရာကို လုံးဝမလိုလားဘူး၊ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အမြဲတမ်း ဦးစားပေးတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်စွဲထားသော နေရာအနီး တဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီနောက်ဆုံးထား ပြောင်းရွှေ့ကြရန် ချင်းကာကွယ်ရေး တပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေးလိုက်ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့ နောက်ဆုံးထား မပြောင်းရွှေ့ကြသော ပြည်သူများနှင့် ပတ်သက်၍ ထိခိုက်မှု တစ်စုံ တစ်ရာ ရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDM Siyin က ပြောသည်။

ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ်မုခ်ဦးသည် ကလေး-တီးတိန်-ရိခေါဒါရ် လမ်းမပေါ်တွင် တည် ရှိသည်။

ယင်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စ၍ ကလေး-တီးတိန်-ရိခေါဒါရ် ပြေးဆွဲနေသော ခရီးသည်တင်ကားနှင့် ကုန်ကားများကို ဖြတ်သန်းသွားလာ ခွင့် ပိတ်ပင်ထားသည့်အပြင် ကားတစ်စီးလျှင် အနည်းဆုံး ကျပ်ငွေ တစ်သိန်းကောက်ခံကာ ဖြတ်သန်း သွားလာခွင့်ပြုလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...