မုန်တိုင်းကြောင့် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်း မပြုကြရန် ဆန်စပါးအသင်းချုပ်ပြော

မုန်တိုင်းကြောင့် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်း မပြုကြရန် ဆန်စပါးအသင်းချုပ်ပြော
ဓာတ်ပုံ - Myawady
ဓာတ်ပုံ - Myawady

လတ်တလော ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းသတိပေးချက်နှင့်ပတ်သက်၍ စိုးရိမ်မှုကြောင့် စားနပ်ရိက္ခာအတွက် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်သည်။

ဆန်စပါးအသင်းချုပ်က သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အရန်ဆန်ရိက္ခာများ စုဆောင်းထား မှုနှင့် လိုအပ်သည်များကို ဆောင်ရွက်ထားပြီဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ဆန်စပါးစုဆောင်းထားမှုနဲ့ ဆန်စပါးဖူလုံမှု အပြည့်အဝရှိတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုနဲ့ ဝယ်ယူစုဆောင်းမှုတွေ မပြုလုပ်ဖို့၊ လိုအပ်တဲ့ ပမာဏကိုပဲ ဝယ်ယူပါ” ဟု ဆန်စပါးအသင်းချုပ်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းသော မုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်ကြောင်း မိုးဇလခန့်မှန်းထားချက်နှင့်ပတ်သက်၍ စိုးရိမ်ပြီး ဆန်စပါးများကို ဝယ်ယူသိုလှောင် ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်မှု ဖြစ်ပေါ်ပြီး ဆန်လိုအပ်မှုများရှိလျှင် အသင်းချုပ်ရုံး၊ ဆန်လုပ်ငန်းရှင် အသင်းများ၊ ကုန်စည်ဒိုင်များထံသို့ ဆက်သွယ်နိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထား သည်။

မုန်တိုင်း ဝင်ရောက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်ပြီးနောက် ပြည်တွင်းဆန်ဈေးကွက် အနည်းငယ် လှုပ်ခတ် လာပြီး လက်ရှိမှာ ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ ဈေးနှုန်းမြင့် တက် နေသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ကုန်စည်ဒိုင် အပါအဝင် ပွဲရုံများတွင် အရောင်းအဝယ် ထိုင်းနေသော်လည်း လက္ကလီ/လက္ကား အရောင်းဆိုင်များ တွင် ဝယ်လိုအားများနေကြောင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှ လက်လီဆန်ရောင်းချသူတစ်ဦးက ပြောသည်။

“မုန်တိုင်းသတင်းကြောင့် ဆန်ဈေးတက်တယ်။ ဈေးက ခဏခဏတက်နေတော့ ကျနော်တို့လို လက်လီဆိုင်တွေ ဒုက္ခရောက်တယ်။ ကျနော်တို့က လက်လီဆိုင်ဆိုတော့ ကိုယ့်ဖောက်သည်လည်း မပျက်အောင်၊ ကိုယ်လည်း မရှုံး အောင် ဈေးကို ထိန်းရောင်းရတယ်” ဟု ၎င်းကပြောသည်။

နွေစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲနှင့် ရိတ်သိမ်းရန်ရှိသော ဒေသများ၊ ကမ်းရိုးတန်း အနီးတဝိုက်ဒေသများမှ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကင်းလွတ်နိုင်မည့် နေရာများသို့ စနစ်တကျ ကြိုတင်ပြင်ဆင်ထား ရန်နှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း ဆန်စပါးများ မပျက်စီးအောင် ထိန်းသိမ်း သိုလှောင် ထားရန် ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားသည်။

မိုးဇလ၏ မေလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီ ထုတ်ပြန်ချက်တွင် - ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ပြောင်း လဲကာ မေလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ကပ္ပလီပင်လယ် ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ကနဦးတွင် မြောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မေလ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိကာ ယင်းမှတစ်ဆင့် မြောက် - အရှေ့ မြောက်ဘက်သို့ ကွေ့၍ ဘင်္ဂလားဒေ့ရှ် - မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်ကြောင်း မိုးဇလက ခန့်မှန်းထား သည်။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...