လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့် စစ်တပ်က ပိတ်ပင်မှုကြောင့် ဒေသခံများ အခက်တွေ့

လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့် စစ်တပ်က ပိတ်ပင်မှုကြောင့် ဒေသခံများ အခက်တွေ့
လွိုင်ကော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး ရပ်နားထားသည့် ကုန်ကားတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
လွိုင်ကော်မြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး ရပ်နားထားသည့် ကုန်ကားတချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကယားပြည်နယ် လွိုင်ကော်မြို့တွင်းသို့  အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများသယ်ယူမှုကို စစ်ကောင်စီက ပိတ်ပင်ထားမှုများကြောင့် ဒေသခံများ အခက်အခဲကြုံနေကြသည်။

မေလ ၅ ရက်နေ့ကစပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါး သယ်လာသည့် ကားများကို စစ်ကောင်စီ ဒေသကွပ်ကွဲရေး စစ်ဌာနချုပ် (ဒကစ) စစ်ဆေးရေးဂိတ်များက မြို့ဝင်ခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု လွိုင်ကော်မြို့ခံများက ပြောသည်။

“လွိုင်ကော်မြို့ထဲ ဆန်တွေဆီတွေ ဝင်မရတော့ဘူး။ မြို့ထဲဝင်တဲ့ကုန်ကားတွေ ဆေးကုမ္ပဏီကားတွေကို စစ်တပ်တွေက မြို့ဝင်ဂိတ်မှာပိတ်ပြီး ဖမ်းထားတယ်။ တစ်ပတ်လောက်ရှိပြီ။ ပင်လောင်းကိစ္စနဲ့ ပတ်သက် တယ်လို့ ထင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းတောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ရက်ရှည်တိုက်ပွဲဖြစ်နေပြီး ပင်လောင်း - ဖယ်ခုံ - လွိုင်ကော် ကားလမ်းမပိုင်းကို နှစ်ဖက်အဖွဲ့က သွားလာခွင့်ပိတ်ပင်ထားသည်။

“ကုန်စျေးတွေလည်း တက်တယ်။ အချို့ကုန်စည်တွေဆိုရင် ပြတ်လပ်ကုန်ပြီ။ ရှေ့ဆက်ပြီး အခုလိုသာ ဆက် လုပ်နေရင် မလွယ်ဘူး” ဟု အခြား လွိုင်ကော်မြို့ခံ တစ်ဦးက ဆိုသည်။

လက်ရှိမှာ ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ ဝန်းကျင်၊ ထိုင်းစားဆီ တစ်ပုလင်း(တစ်လီတာ)ကို ကျပ် ၁၅,၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈,၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း အခြေခံစားသောက်ကုန် အရောင်းဆိုင်ရှင်များက ပြောသည်။

အခြေခံ အိမ်သုံးဆေးဝါးများမှာလည်း ပါရာစီတာမော တစ်ကဒ်ကို ငွေကျပ် ၃,၀၀၀၊ အစာအိမ်လေနာ ပျောက် ဆေး (Air-X) တစ်ကဒ်ကို ကျပ် ၅,၀၀၀ အထိ ပေါက်စျေးရှိနေသည်။

“ကုန်စျေးနှုန်းတွေ မတရားမြင့်တယ်။ ပစ္စည်းတွေမဝင်တော့ ပိုဆိုးတာပေါ့။ ဆန်ပဲဖြစ်ဖြစ်၊ ဆီပဲဖြစ်ဖြစ် ဘာပဲ ဝယ်ဝယ် တစ်သောင်းကျော်လောက်ကို ဖြစ်နေတာ။ ဒီအတိုင်းဆို ရေရှည်မလွယ်ဘူး” ဟု လွိုင်ကော်မြို့မှ ကုန်စုံ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထိုသို့ လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားခြင်းနှင့် ပက်သက်၍ ကယား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...