တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန် ဆုပေးပွဲကျင်းပ

တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန် ဆုပေးပွဲကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တောင်ကုတ်ဒေသဖွံ့ဖြိုးရေး ကော်မတီ တို့ ပူးပေါင်း၍၂ဝ၁၅ ခုနှစ် ပညာရည် ချွန်ဆုပေးပွဲ အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ မြို့နယ် ခန်းမ၌ ဇူလိုင်လ ၈ ရက်၊ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်တဲ့  ကျောင်းသူ ကျောင်းသား အယောက် ၉ဝ ကို ချီးမြှင့်တာပါ။ ဆုချီးမြင့်တဲ့ နေရာမှာ ထူးချွန်ကျောင်း သားကျောင်းသူတွေ ပေါ်ထွက်လာ အောင်  သင်ကြားပေးခဲ့တဲ့ ဆရာ ဆရာ မတွေလည်း ပါ၀င်ပါတယ်” ဟု အထက် တန်းပြ ဆရာမတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၆ ဘာသာ တစ်ဦးလျှင် သိန်း ၂ဝ၊ ၅ ဘာ သာ တစ်ဦးလျှင် ၁ဝ သိန်း၊ ၄ဘာသာ တစ်ဦးလျှင် ၅ သိန်း၊ ၃ ဘာသာတစ်ဦး လျှင် ၂သိန်း၊ ၂ဘာသာတစ်ဦးလျှင် ၁ သိန်း၊ ၁ ဘာသာတစ်ဦးလျှင် ၅ သောင်း၊ ကျပ်နှင့် ရိုးရိုးအောင်မြင်သူ တစ်ဦးစီအား တစ်သောင်းကျပ်စီချီးမြှင့် ခဲ့ကြောင်း သိရသည်။

ထို့အပြင် တောင်ကုတ်ဒေသဖွံ့ ဖြိုးရေး ကော်မတီမှ ၆ ဘာသာဂုဏ်ထူး ရှင် တစ်ဦးစီအား ရွှေ ၁ကျပ်သား၊ ၅ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးလျှင် ၅ သိန်း၊ ၄ ဘာသာပါလျှင် ၄သိန်း၊ ၃ ဘာသာအား ၃ သိန်း၊ ၂ဘာသာအား ၂သိန်းနှင့် တစ်ဘာသာအား တစ်သိန်း စီ ချီးမြင့်ခဲ့သည်။ ဘာသာစုံဂုဏ်ထူး ထွက်အောင် သင်ကြားပြသပေးသည့် ဆရာ ဆရာမ တစ်ဦးစီအား တစ်ဘာ သာလျှင် တစ်သိန်းစီ ချီးမြှင့်ကြောင်း လည်းသိရသည်။

ဆုပေးပွဲ အခမ်းအနားသို့ ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင် အုန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တောင်ကုတ်ဒေသဖွံ့ဖြိုးတိုး တက်ရေး ကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ ဆုရ ကျောင်းသူ ကျောင်းသားများ၊ မိ ဘပြည်သူများ အပါအဝင် လူဦးရေ ၁ဝဝဝ ခန့် တက်ရောက်ကြောင်းသိရ သည်။

ယခုနှစ် တက္ကသိုလ် ၀င်တန်းစာမေးပွဲတွင် တောင်ကုတ်မှ ဘာသာစုံ ဂုဏ်ထူးရှင် နှစ်ဦး ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...