စစ်ကောင်စီက လူငယ်များကို ရေကြောင်းလေကြောင်း သင်တန်းများပေး

စစ်ကောင်စီက လူငယ်များကို ရေကြောင်းလေကြောင်း သင်တန်းများပေး

တနင်္သာရီတိုင်းအတွင်း လူငယ်အယောက် ၃၇၀ ကျော်ကို စစ်ကောင်စီတပ်၏ ရေကြောင်းနှင့် လေကြောင်း သင်တန်းများ ပေးနေသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်သုံးခုတွင် လူငယ်ပေါင်း ၃၇၃ ဦးကို စစ်ကောင်စီတပ်က ရေကြောင်းနှင့်လေ ကြောင်းဆိုင်ရာ အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို ပေးနေခြင်း ဖြစ်သည်ဟုဒေသတွင်းရှိ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။

ပြန်ရေးဝန်ကြီးဌာန ဝက်ဆိုက်တွင် “၂၀၂၃ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ လေ့ကျင့်သင်ကြားပေးလျက်ရှိ” ဟု ရေးသားဖော်ပြ ထားသည်။

စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ရေကြောင်းလူငယ်စခန်း ၁၁ ခုရှိနေပြီး သင်တန်းသား ဦးရေ ၈၉၀ တက် ရောက်နေသည်ဟု မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည်။

ထို့အပြင် လေကြောင်းသင်တန်းစခန်း ၁၇ ခုရှိကာ သင်တန်းသား ၈၄၀ ဦး တက်ရောက်နေသည်ဟု ရေးသား ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ကျွန်းစုနှင့် ရေဖြူမြို့နယ်များတွင် ဧပြီလ ၂၄ ရက်နေ့မှစတင်ပြီး အဆိုပါ သင် တန်းကို ဖွင့်လှစ်နေခြင်းဖြစ်ပြီး သင်တန်းကာလ တစ်လကြာမြင့်မည်ဖြစ်သည်။

မြိတ်မြို့နယ် သင်တန်းဖွင့်ပွဲကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူ ၁၅၈ ဦးနှင့် လေကြောင်းလူငယ်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးရှိသည်။

ကျွန်းစုမြို့နယ်တွင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ် တနင်္သာရီခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကာ ရေ ကြောင်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၁၅ ဦး တက်ရောက်နေသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ်တွင်လည်း ရေကြောင်းသင်တန်းပေးနေပြီး သင်တန်းသားနှင့် သင်တန်းသူ စုစုပေါင်း ၆၀ ခန့်တက်ရောက်နေသည်ဟု စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

 

ရေကြောင်းနှင့် လေကြောင်းသင်တန်းများကို တနင်္သာရီတိုင်းအတွင်း သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီက ဖွင့်လှစ် သင်ကြားပေးနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက “ဒီလို သင် တန်းတွေပေးနေတာက လူငယ်တွေကို စစ်တပ်နဲ့ ရင်းနှီးအောင် စည်းရုံးရေးဆင်းတာလို့ပဲ မြင်ပါတယ်။ မဆလ ခေတ်တုန်းက တေဇလူငယ်၊ ရှေ့ဆောင်လူငယ်နဲ့ လမ်းစဥ်လူငယ်တို့ အဖွဲ့တွေ ဖွဲ့ခိုင်းပြီး စစ်သင်တန်းတွေ ပေး တာနဲ့ အတူတူပါပဲ” ဟု ပြောသည်။

စစ်ကောင်စီမှ ယခုပြုလုပ်နေသည့် သင်တန်းများထဲမှ စေခိုင်းရမည့်သူများကို လက်ရွေးစင် ရွေးချယ်နိုင်ရန် အတွက် လူမွေးနေခြင်းမျိုးဖြစ်သည်ဟုလည်း ဖြစ်ကြောင်း ABSDF တပ်ဖွဲ့ဝင်ဟောင်းက ဆက်ပြောသည်။

ရေကြောင်းသင်တန်းတွင် လက်နက်မဲ့ အခြေခံစစ်ရေးပြ၊ အခြေခံရေကူး၊ ရေကြောင်းလမ်းညွှန်၊ အခြေခံ သဘောတရားနှင့် နက္ခတ္တဗေဒ၊ GPS အသုံးပြုပြီး ရေကြောင်းသွားလာရေး၊ အခြေခံရေတပ်သား အချက်ပြ ဆက် သွယ်ရေး၊ အခြေခံ လှေလှော်ရွက်တိုက် စသည့် ဘာသာရပ်များ သင်ကြားပေးသွားမည် ဖြစ်သည်ဟု စစ်ကောင် စီလက်အောက်ခံ သတင်းစာများထဲတွင် ရေးသားထားသည်။

April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...