ကန်ပိုက်တီနယ်စပ်တွင် တရုတ်- မြန်မာ ကုန်သွယ်စီးဆင်းမှုကောင်းမွန်စေဖို့အတွက် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးဟု စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

ကန်ပိုက်တီနယ်စပ်တွင် တရုတ်- မြန်မာ ကုန်သွယ်စီးဆင်းမှုကောင်းမွန်စေဖို့အတွက် တရုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးဟု စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော

ကချင်ပြည်နယ်၊ ကန်ပိုင်တီနယ်စပ်မှာ တရုတ်- မြန်မာ ကုန်သွယ်စီးဆင်းမှု ကောင်းမွန်စေဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲက ကိုယ်စားလှယ်တော်တွေနဲ့ ကချင်ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်တို့ ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ကန်ပိုင်တီဂိတ်ကနေ ဝင်ထွက်မယ့် ကုန်ပစ္စည်းတွေကို နှစ်နိုင်ငံဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေ ရရှိခဲ့ရင် ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အဓိကထားလာရောက် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ကချင်ပြည်နယ်၊ စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“သူတို့ဘက်ကနေ ကျွန်တော်တို့ဘက်ကို သွင်းမယ့်ပစ္စည်းတွေနဲ့ ကျွန်တော်တို့ဘက်ကနေ သူတို့ဘက်ကို ပို့မယ်ပစ္စည်းတွေအားလုံးနဲ့ ကန်ပိုင်တီဂိတ်၊ အဖွင့်အပိတ်ကိစ္စမှန်သမျှစတဲ့ ဘယ်ကိစ္စမဆို တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ကြဖို့ဆိုတာတွေနဲ့ ကန်ပိုင်တီလမ်းကိုလည်း ပြန်ချဲ့ဖို့ ဆွေးနွေးတာဖြစ်တယ် ။” လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးဇုန်၊ မွေးမြူးရေးဇုန်နဲ့ စီးပွားရေးဇုန် ကိစ္စတွေနဲ့ ကန်ပိုင်တီနယ်စပ်ဂိတ်ကိုလည်း နိုင်ငံတကာနဲ့သင့်လျော်အောင် အဆင့်မြှင့်တင်သွားမယ့် ကိစ္စတွေကို တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆက်လက်ပြောပါတယ်။

အဲဒီကိစ္စတွေကို နိုင်ငံတော်အဆင့်နဲ့ ပြည်နယ်အဆင့် အုပ်ချုပ်သူတွေအားလုံး သဘောတူညီပြီ ဖြစ်တဲ့အတွက် ဒီနှစ်မိုးတွင်းကုန်တဲ့အချိန် စတင်အကောင်ထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်အတွင်းမှာစိုက်တဲ့ စိုက်ပျိုးသီးနှံမှန်သမျှနဲ့ မွေးမြူးရေးက ရရှိလာတဲ့ တရိစ္ဆာန်တွေကို နိုင်ငံသားတိုင်း အဲဒီဂိတ်ကနေ တရားဝင်ရောင်းချခွင့် ရရှိမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း အမြဲတမ်းကုန်သွယ် စီးဆင်းနေနိုင်ဖို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ကိုဗစ်ကြောင့် ကျွန်တော်တို့ရဲ့ ပြည်နယ်လည်း အားလုံးအတော်လေးကို ခက်ခဲသွားကြရတယ်။ စိုက်ပျိုး၊ မွေးမြူးရေးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကအဆုံး တော်တော်လေးခက်ခဲသွားတယ်။ အခုကိုဗစ်ပြီးတဲ့နောက်တော့ စိုက်ပျိုး၊ မွေးမြူးရေးတွေ အတော်လေး ကြိုးစားသွားကြရအောင်၊ ဆိုပြီး ပြင်ဆင်နေတယ်”လို့ ဆိုပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရောက်ရှိလာသူတွေကတော့ ပေါင်စန်းပြည်နယ်ခွဲက ပါတီအတွင်းရေးမှူး၊ ထိနးချုံးခရိုင်က ပါတီအတွင်းရေးမှူးနဲ့ ပေါင်စန်းပြည်နယ်က စီပွားရေးညွှန်မှူး၊ ကျောင်းအုပ်ကြီး စတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်လို့ သိရပြီး ဧပြီလ ၂၇ ရက်နေ့မှာ ပြန်သွားပြီဖြစ်တယ်လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...