ရိုဟင်ဂျာ ၇၀ ကျော်ကို ထောင်ဒဏ် အသီးသီးချ

ရိုဟင်ဂျာ ၇၀ ကျော်ကို ထောင်ဒဏ် အသီးသီးချ

ငရုတ်ကောင်းမြို့အနီး ပင်လယ်ပြင်မှာ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ယောက် ၇၀ ကျော်ကို စစ်ကောင်စီတပ်က ငပုတောမြို့နယ် တရားသူကြီးက ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု တရားရေးဌာန နှင့် နီးစပ်သူများ က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများက ထွက်ခွာလာသည့် ရိုဟင်ဂျာ ၇၀ ဦးကို ဖမ်းဆီးပြီး နိုင်ငံသား မှတ် ပုံတင် အက်ဥပဒေ ပုဒ်မ ၆၃-က ဖြင့် ဧပြီလ တတိယပတ်တွင် ထောင် ၂ နှစ်စီ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “လဝကနဲ့ ရဲက လာစစ်တယ်။ အဲ့စစ်ချက်နဲ့ အမိန့်ချလိုက်တာ ဥပဒေအရ ဘာမှ လျှောက်လဲခွင့် မရဘူး” ဟု ပြောသည်။

ဧပြီလ ၂၅ ရက်နေ့က အမိန့်ချခံလိုက်ရသည့် ရိုဟင်ဂျာ အယောက် ၇၀ ဦးအနက် အသက် ၁၈ နှစ် မပြည့်သော အမျိုးသား ၂၆ ဦးကို ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးစခန်းကို ပို့ဆောင်ပြီး အသက် ၇ နှစ်အောက်ရှိ ကလေး ၂ ဦး၏ကို ပုသိမ်မြို့ လူမှုဝန်ထမ်း ဦးစီးဌာန ကလေးသူငယ် ပြုစုပျိုးထောင်ရေးကျောင်းကို ပို့ဆောင်မည် ဖြစ်သည် ဟု တရားရေးဌာန နှင့် နီးစပ်သူများ က ပြောသည်။

ကျန် ရိုဟင်ဂျာ ၄၂ ဦးကိုမူ ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်မည် ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ထောင်ဒဏ် အချခံရသည့် ရိုဟင်ဂျာ ၇၀ ဦးသည် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့ နယ် အတွင်းရှိ ဒုက္ခသည်စခန်းများကို စွန့်ခွာလာကြသူများ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် မလေးရှား နိုင်ငံကို ပင်လယ်ရေလမ်းမှ တစ်ဆင့် သွားစဉ် အဖမ်းခံရခြင်း ဖြစ်သည်ဟု ဒေသ မူဆလင် လူမှုအဖွဲ့အစည်း ဝင် အချို့က ပြောသည်။

မြန်မာ-မူဆလင် လူငယ် ကွန်ရက် အဖွဲ့ဝင်တစ်ဦးက “နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံသားတွေပါ အသက်ရှင် ရပ်တည်ရေးအတွက် မွေးရပ်မြေကို စွန့်ခွာပြီး အလုပ်ရှာတာပါ” ဟု ပြောသည်။

ရိုဟင်ဂျာ ၇၀ ဦးကို ဖမ်းစဥ် ရဲတပ်ဖွဲ့ဝင်များ သိမ်းဆည်းထားသော မိုဘိုင်းဖုံး ၃၅ လုံးနှင့် ကျပ်ငွေ ၁၁ သိန်းကို ဒေသခံ မူဆလင် ဗလီ ဂေါပကအဖွဲ့ကို အပ်နှံရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ရဲတပ်ဖွဲ့ကို စာဖြင့် အကြောင်း ထားပြီး ဖြစ်သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ရိုဟင်ဂျာများအား ပို့ဆောင်သည့် စစ်လှေ ၂ စီးကို ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး ပို့ဆောင်ပေးသည့် စက်လှေ သမား ဗမာ ၇ ဦးကို လူကုန်ကူးမှု ပုဒ်မဖြင့် အမှုဖွင့် စစ်ဆေးနေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သော သတင်း အရင်းအမြစ်အချို့ က ပြောသည်။

ဧပြီလ ၁၉ ရက်နေ့က အသက် ၁၈ နှစ် မပြည့်သေးသူများ အပါအဝင် ရိုဟင်ဂျာ အမျိုးသား (၅၈) ဦး၊ အမျိုးသမီး (၁၂) ဦး နှင့် ပို့ဆောင်ပေးသော ဗမာ (၇) ဦးကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ အနီးရှိ ပင်လယ် ပြင်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် အတွင်းကလည်း ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာသည့် ရိုဟင်ဂျာ ၇၀၀ ဦးကျော် ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လူ၀င်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။

ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၇၀၀ ကျော်အနက် အယောက် ၅၀၀ ကျော်ကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်သည်ဟု တိုင်းတရားရေးဌာန နှင့် နီးစပ်သူများက ပြောသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...