ဖားကန့်တွင် PDF များ ဝင်ရောက်နေထိုင်သည်ဟုဆိုက နေအိမ်တစ်အိမ်ကို စစ်ကောင်စီမီးရှို့

ဖားကန့်တွင် PDF များ ဝင်ရောက်နေထိုင်သည်ဟုဆိုက နေအိမ်တစ်အိမ်ကို စစ်ကောင်စီမီးရှို့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ မှော်ရှန်ရပ်ကွက်မှာ PDF တွေဝင်ရောက်နေထိုင်တယ်လို့ဆိုပြီး နေအိမ်တစ်အိမ်ကို ဒီကနေ့မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးပြီး မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က Four Weel ကားနှစ်စီးအင်အား ၁၅ ဦးနဲ့ နေအိမ်ကို ဝင်ရောက်ပြီး ရုံးပစ္စည်းတွေနဲ့ ကားနှစ်စီး(Landcruiser,Advan) သိမ်းဆည်းသွားတဲ့အပြင် နေအိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီးတော့ လူတွေကိုတော့ ဖမ်းဆီးမိခြင်းမရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“PDFတွေဟုတ်တယ်ဆိုပြီး လာဖမ်းကြတာ။ အဲဒီမှာနေတယ်ဆိုတာ သိတဲ့အတွက် မီးရှို့ပေးလိုက်တာပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နောက်ထပ် လူလတ်ပိုင်းအရွယ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဒီကနေ့ မနက် ၅ နာရီအချိန်လောက်က ဆိုင်းတောင်မှော်ရှန်ကွက်က ပြည်သူနေအိမ်တစ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောဆိုပါတယ်။

ဒါ့အပြင်မနေ့ ဧပြီလ ၂၇ ရက်နေ့ မဇွပ်ယန်ကျေးရွာမှာလည်း စစ်ကောင်စီတပ်ကနေ နေအိမ်အချို့ကို ဝင်ရောက် ဖျက်ဆီးပြီး ပိုက်ဆံနဲ့ ဖုန်းတွေကို သိမ်းယူသွားတယ်လို့လည်း သိရပါတယ်။

ဒါအပြင် မနေ့ဧပြီလ ၂၇ ရက်နေ့ကလည်း မဇွပ်ယန်ကျေးရွာနဲ့ ဆန်ခါကျေးရွာမှာရှိတဲ့ ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စုံစမ်းစစ်ဆေးပြီးကနေ နေ့လယ် ၂ နာရီလောက်မှာ ပြန်လွတ်ပေးခဲ့ပါတယ်။

လက်ရှိအချိန် ဖားကန့်မြို့နယ်အတွင်း ဧပြီလ တတိယအပတ်လောက်ကနေ စပြီး စစ်ကောင်စီက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ ရှိနေပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...