မြိတ်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံး

မြိတ်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ ဦးမြတ်လေးပန်းခြံအနီးတွင် ဧပြီ လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ယာဉ်အမျိုးအစားမှာ ဟွန်ဒါဖစ်(Honda Fit) အိမ်စီးကားဖြစ်သည်ဟု ကိုယ် တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

“ဗုံးက ကားထဲမှာ ပေါက်တာပါ၊ ဘယ်လိုကြောင့် ပေါက်ကွဲတယ်ဆိုတာ တိတိကျကျ မသိရသေးဘူး” ဟု မြိတ်ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။

ဗုံးပေါက်ကွဲသောနေရာသို့ စစ်ကောင်စီတပ်ဖွဲ့က ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...