မြိတ်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံး

မြိတ်တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်မြို့ ကန်ဖျားလမ်းမကြီးပေါ်ရှိ ဦးမြတ်လေးပန်းခြံအနီးတွင် ဧပြီ လ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည် ယာဉ်အမျိုးအစားမှာ ဟွန်ဒါဖစ်(Honda Fit) အိမ်စီးကားဖြစ်သည်ဟု ကိုယ် တိုင်မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။

“ဗုံးက ကားထဲမှာ ပေါက်တာပါ၊ ဘယ်လိုကြောင့် ပေါက်ကွဲတယ်ဆိုတာ တိတိကျကျ မသိရသေးဘူး” ဟု မြိတ်ဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။

ဗုံးပေါက်ကွဲသောနေရာသို့ စစ်ကောင်စီတပ်ဖွဲ့က ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...