ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ဒေသခံနေအိမ်ရှိ ပစ္စည်းတွေ အမြောက်အများ မီးရှို့ဖျက်ဆီးခံရ

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှ ဒေသခံနေအိမ်ရှိ ပစ္စည်းတွေ အမြောက်အများ မီးရှို့ဖျက်ဆီးခံရ

ကေးဒူ — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေသခံတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းအများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်မှ ဧပြီလ ၂၀ ရက်နေ့ မှာ မျက်မြင်တွေ့ရှိပြီးသတင်းပေးပို့လာပါတယ်။

ဒေသတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံလူထုတွေကတော့ နေရပ်ကို စွန်ခွာထွက်ပြေးနေကြရပြီး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ အချိန်မှာ စစ်ကောင်စီတပ်က ကျေးရွာထဲမှာ တပ်စွဲပြီး အခုလိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မတ်လ ၉ ရက်နေ့စကပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဒေါတမကြီးကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာ ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့ ခေတ္တနေရာယူထားခဲ့တဲ့ ဒေါညေးခူကျေးရွာနဲ့ ဒေါတမကြီးကျေးရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို အများဆုံးဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ၂၀ ရက်နေ့တုန်းက ဒေါညေးခူကျေးရွာဖက်ကို ရောက်ရှိပြီးတော့မှ အကြမ်းဖက်စစ်ကောင်စီက သူတို့ ပြည်သူပိုင်၊ ဒေသခံပိုင် ကားတို့၊ ဆိုင်ကယ်တို့၊ စက်တို့ ကို သူတို့ မီးရှို့ဖျက်ဆီးခဲ့တာကို ကျနော်တို့ တွေ့ရှိရတယ်။ ပြီးတော့မှ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့ လေယာဉ်နဲ့ လာပစ်ပြီး ဗုံးတွေနဲ့ ပစ်ပြီး အိမ်တွေ ပျက်စီးနေတာတွေ၊ ပြီးတော့မှ ကျေးရွာထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ကျန်ရှိနေတာကိုလည်း တွေ့ရတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ မြေပြင်သတင်းထောက်က သူရောက်ရှိခဲ့တဲ့ ဒေါညေးခူကျေးရွာအတွင်းက တွေ့ရှိချက်တွေကို ပြောပြလာတာ ဖြစ်ပါတယ်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ခမရ ၅၁၆၊ ခမရ ၅၁၅ နဲ့ ခလရ ၁၂ တို့ ပါဝင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ ဗျုဟာ ( ၆ ) ရဲ့ ဗျုဟာမှုး ခူးရီးဒူ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဲ့ဒါက အခုပေါ့နော။ ခမရ ၅၁၆၊ ခမရ ၅၁၅ နဲ့ ခလရ ၁၂နဲ့ တပ်မ ၆၆ လက်ကျန် အယောက် ၈၀ ဒေါညေးခူရောက်လာတုန်းက ပစ္စည်းတွေ အကုန်သယ်ပြီးတော့ ဆိုင်ကယ်တွေ အကုန် မီးရှို့ဖျက်ဆီးသွားတာ” လို့ ဗျူဟာမှူး ခူးရီးဒူ က ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နဲ့ လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများရဲ့ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂) ကျောင်း နဲ့ စာသင်ကျောင်း (၃) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ မတ်လ တစ်လတာ အနှစ်ချုပ် စစ်ရေးသတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

မတ်လ ၉ ရက်နေ့ကနေစပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်လူထုများအပါအဝင် ဒေသခံ သုံး သောင်းကျော်ဟာ ဘေးလွှတ်ရာကို ထပ်ဆင့် တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Most read this week

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...