မောင်တောမြို့ဝင်ဂိတ်တွင် ယာဘားဆေးပြား ၉ သိန်းကျော်နှင့် အတူ လူနှစ်ဦးဖမ်းမိ

မောင်တောမြို့ဝင်ဂိတ်တွင် ယာဘားဆေးပြား ၉ သိန်းကျော်နှင့် အတူ လူနှစ်ဦးဖမ်းမိ
by -
နိရဥ္စရာ
ဖမ်းဆီးမိခဲ့သည့် စိတ်ကြယာဘားဆေးပြားများနှင့် အတူ လူနှစ်ဦး (photo: San Myat Shwe)
ဖမ်းဆီးမိခဲ့သည့် စိတ်ကြယာဘားဆေးပြားများနှင့် အတူ လူနှစ်ဦး (photo: San Myat Shwe)
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စိတ်ကြွယာဘားဆေးပြား ကိုးသိန်းငါးသောင်းငါးရာ (၉၅၀၅၀၀) ပြားကို ဖမ်းဆီးမိခဲ့သည်ဟု မောင်တောမြို့ ရဲမှူးမောင်မောင်ယဉ်မှ နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ ဖမ်းမိတာက စုစုပေါင်း ကိုးသိန်းငါးသောင်းငါးရာပြားဖြစ်ပါတယ်။ လူသုံးဦးမှာ နှစ်ဦးကို ဖမ်းမိပါတယ်။ တစ်ဦးကတော့ ထွက်ပြေးသွားပါတယ်။ အားလုံး တိုင်းရင်းသားတွေပါ” ဟု ရဲမှူးက ပြောသည်။

၎င်းဆေးပြားများကို Nissan အမျိုးအစား ကားဖြင့် မင်းအောင်နိုင်ဆိုသူမှ ဘူးသီးတောင်မှ မောင်တောသို့ ကားမောင်း ယူဆောင်လာခြင်းဖြစ်ပြီး မြို့ဝင်ဂိတ်၌ စစ်ဆေးရာတွင် မင်းအောင်နိုင်က ထွက်ပြေးသွားခဲ့ပြီး ယာဉ်နောက်လိုက် စံထွန်းစိန်နှင့် ယာဉ်ပေါ်ပါလာသူ ဦးလှမောင်(ခ)အလှတို့ကို ဖမ်းမိခဲ့သည်ဟု ဆိုသည်။

အလားတူ ယမန်နေ့ ညနေကလည်း ၉၇၅ဝ စိတ်ကြွဆေးပြား လေးသိန်း ရှစ်သောင်းကို မောင်တောမြို့ အမှတ် (၅) ရပ်ကွက် လမ်းပေါ်တွင် ရပ်ထားသည့် ကားတစ်ီးပေါ်မှ ဖမ်းမိခဲ့သည်ဟု ရဲမှူးကြီးက ပြောကြားသည်။

“ ဘယ်ကနေ ဘယ်ကို ယူလာသလဲဆိုတာတော့ ပြောမရဘူးလေ။ ဒီမှာက စစ်တေဆးနေတုန်းဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်က အခုလမ်းမှာ ဒီကိစ္စကို စိစစ်ဆောင်ရွက်နေတုန်းဖြစ်ပါတယ်” ဟု ရဲမှူးမောင်မောင်ယဉ်က ပြောကြားသည်။

ယခု ဖမ်းမိသည့် ဆေးပြား ၉သိန်းကျော်၏ တန်ဖိုးမှာ ကျပ်သန်းပေါင်း ၁၉၁၁ ကျော်ဖိုး ရှိကြောင်း ရဲမှူးက အတည်ပြု ပြောကြားသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...