တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများကို လက်မခံမီ နယ်စပ်တစ်လျှောက်ရှိ နယ်ခြားစောင့်ရဲစခန်းများကို ခိုင်ခန့်အောင်တည်ဆောက်သင့်ဟုဆို

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများကို လက်မခံမီ နယ်စပ်တစ်လျှောက်ရှိ နယ်ခြားစောင့်ရဲစခန်းများကို ခိုင်ခန့်အောင်တည်ဆောက်သင့်ဟုဆို
by -
နိရဥ္စရာ
တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ထွက်ပြေးသွားသူများကို ပြန်လက်မခံမီ မြန်မာနိုင်ငံအနောက်ဘက်နယ်စပ် တစ်လျှောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများကို ခိုင်ခန့်အောင်အရင် ပြုပြင်တည်ဆောက်သင့်ကြောင်း နယ်ခြားစောင့် ရဲအရာရှိတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ ရှေ့တန်း စခန်းတော်တော်များက အကာအရန်မရှိဘူး။ ၀ါးတွေနဲ့ ကာရန်ထားရတယ်။ ပြင်ကနေ စခန်းတွင်းမှာ ဘာတွေ လုပ်ကိုင်နေသလဲဆိုတာ တိုးလျှိုပေါက် မြင်ရတယ်။ ကျွန်တော်တို့ ပြောလိုတာကတော့ တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေကို လက်မခံမီ ဒီနယ်ခြားစောင့် စခန်းတွေကို အမြန်ဆုံးခိုင်ခန့်အောင် တည်ဆောက်သင့်တယ်လို့ မြင်ပါတယ်” ဟု အမည်မဖော်လိုသူ ၎င်းရဲအရာရှိက ပြောဆိုသည်။

မောင်တောမြို့နယ် လောင်ဒုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက သြဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခံရသည့် အထဲတွင် သူတို့စခန်းလည်း ပါ၀င်ပြီး စခန်းရှေ့တွင် တည်ရှိသော ဗလီကို အကာအကွယ်ယူ၍ အကြမ်းဖက် ဘင်္ဂလီများက တိုက်ခိုက်ခဲ့ကြောင်း၊ တစ်ဖက် တိုက်ခိုက်သူများတွင် လက်နက် အပြည့် အစုံမပါ၍ တော်သေးကြောင်း၊ မိမိတို့မှ ခုခံပစ်ခတ်၍ ထွက်ပြေးသွားကြကြောင်း၊ လောလောဆယ်တွင် စခန်းခြံစည်းရိုးကို ၀ါးများဖြင့် ကာရန်ထားရ၍ လုံုခြံုမှု မရှိကြောင်း၊ တစ်ဖက်ရန်သူများ စခန်းကို ကပ်လာပါ အသံကြားရပြီး သိရှိနိုင်အောင် စခန်းနှင့် မျက်နာချင်းဆိုင် တစ်ဘက် အဆောက်အဦး၏ ခြံစည်းရိုးတွင် အချိုရည်ဗူးခွံများကို ယာယီ ချိတ်ဆွဲထားကြောင်း ပြောကြားသည်။

မောင်တောမြို့နယ် အတွင်းရှိ နယ်ခြားစောင့်ရဲစခန်း အများစုမှာ ခိုင်ခန့်သည့် စခန်းများ မဟုတ်ကြဘဲ ၀ါးခြံစည်းရိုး၊ ဘာဝါယာကြိုးများဖြင့် ယိုင်တိယိုင်တိုင် တည်ဆောက်ထားသဖြင့် ခိုင်ခန့်မှု မရှိဘဲ ဖြစ်နေသည်ဟု ဒေသခံများကလည်း ပြောဆိုသည်။

စခန်းကြီးများ ဖြစ်ကြသော ကိုးတန်ကောက်၊ အင်ဒင်၊ ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ်လောက်ကိုသာ ဘားဝါယာများဖြင့် စခန်း ခြံစည်းရိုးများကို ကာရန် ထားသော်လည်း တစ်ခြားစခန်းများမှာ ၀ါးများဖြင့် စခန်းများကို ဖြစ်သလို ကာရန်ထားရသည်ဟု ဆိုသည်။

စခန်းများတွင် ကင်းမျှော်စင်များမရှိခြင်း၊ ညဉ့်အချိန် ဘေးပတ်ဝန်းကျင်မှ လူပ်ရှားမှုများကို မြင်နိုင်သည့် ဆလိုက်မီးများမရှိခြင်း၊ ခိုင်ခန့်သော ကွန်ကရစ်ကာ ကင်းရုံများ မရှိခြင်း၊ စခန်းပတ်ပတ်လည်အား အုတ်တံတိုင်းများဖြင့် ကာရန်မှု မရှိခြင်းတို့သည် အားနည်းချက်ဖြင့် ဖြစ်နေသဖြင့် အမြန်ဆုံး အဆင့်မီ ကင်းစခန်းများ ဖြစ်အောင် တည်ဆောက်သင့်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

“ ကျွန်တော်တို့က တင်ပြရတာက အဆင့်ဆင့် တင်ပြရတာ။ မီဒီယာတွေက ဒီဟာတွေကို ရေးရင် ပိုကောင်းပါတယ်။ ဒါမှ အထက်လူကြီးတွေ သိမှာပါ” ဟု ပြောကြားသည်။

ကျောက်ပန်းတူ စခန်းမှ စခန်းမှူး ဗိုလ်လေးဆိုသူမှလည်း သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုတွင် ဘင်္ဂလီရွာသားများပါ အကြမ်းဖက်သမားများနှင့် အတူ ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်၍ အလွန် အန္တရာယ်များကြောင်း၊ လူအုပ်များ ကင်းစခန်းထဲသို့ ထိုးဖောက် မဝင်လာနိုင်ရန်မှာ ခြံစည်းရိုးများကို ခိုင်ခန့်အောင် ကာရန် တည်ဆောက်သင့်ကြောင်း ပြောဆိုသည်။

မောင်တောမြို့မစခန်းနှင့် ဘူးသီးတောင်မြို့မ စခန်းများတွင်လည်း ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ယခုအချိန်ထိ ဒုတိယ ကမ္ဘာစစ်လက်ကျန်များဖြစ်သော ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်နေရတုန်းဖြစ်ကြောင်း၊ ၎င်းလက်နက် ခဲယမ်းမီးကျောက်များကိုလည်း အမြန်ဆုံး ခေတ်မီ လက်နက်များဖြင့် အစားထိုး တပ်ဆင်သင့်ကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...