စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က AA သို့ သဝဏ်လွှာပေးပို့

စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က AA သို့ သဝဏ်လွှာပေးပို့

စစ်ကောင်စီကို တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲရမည်ဟု MNDAA နှင့် TNLA က (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထား သည်။

" မြန်မာစစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြည်မနှင့် တောင်တန်းမခွဲခြားတော့ဘဲ တနိုင်ငံလုံးရှိ ပြည်သူလူထုနှင့် ရပ်ရွာ မ်ားအား မီးလောင်တိုက်သွင်း၍ ဖျက်ဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းစခန်းတွင် ချမှတ်ထားခြင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုဘဝအားလုံး ဖ်က္ဆီးခံရကာ မသေချာမရေရာမှုများ ပြည့်နှက် နေသောအခြေအနေတွင် မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့သည် အဆိုပါအခြေအနေတို့မှ လွတ်မြောက်နိုင်ရေးအတွက် စစ်ကောင်စီ အား တော်လှန်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့်အတူတကွ ခိုင်မာစွာ လက္တြဲကာတိုက္ပြဲမ်ား ဝင်ကြရမည်ဖြစ်ပါသည်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

MNDAA၊ TNLA နှင့် AA အဖွဲ့သုံးဖွဲ့မှာ စစ်အာဏာမသိမ်းမီ ကပင် အာဏာလုမြန်မာတပ်မတော်နှင့် မြန်မာအစိုးရတို့၏ ပြင်းထန်စွာ တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ရသူများဖြစ်ကြောင်း၊ ULA/AA ၏ ရပ်တည်ချက်အတိုင်း ညီညီညွတ်ညွတ်နှင့် တိုက်ပွဲဝင်မည်ဟု သဝဏ်လွှာတွင် ရေးသားထားသည်။

(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင်လည်း ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေး လျက်ရှိ ကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၄ နှစ်တာကာလက ၂၆ ဦးဖြင့် စတင်တည်ထောင် ခဲ့သည့် ရက္ခိုင့်တပ်တော်(AA) မွာ လက်ရှိတွင် အင်အားသောင်း ဂဏန်းအထိရှိလာခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း နေရာအချို့တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စများကို ဆောင်ရွက်လျက်ရှိသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...