မီးရှို့ရန် ၀င်ရောက်လာသည့် ARSA အစွန်းရောက်အဖွဲ့ဝင် တစ်ဦး အသေဖမ်းမိ

မီးရှို့ရန် ၀င်ရောက်လာသည့် ARSA အစွန်းရောက်အဖွဲ့ဝင် တစ်ဦး အသေဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုဝဲမြို့၊ မဲဒီကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးရန် ၀င်ရောက်လာသည့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား တစ်ဦးအား အသေဖမ်းမိခဲ့သည်ဟု သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်မှာ မီးရှို့ဖျက်ဆီးမည်ဟု သတင်းအရ အဆိုပါကျေးရွာအနီး လုံခြံုရေးဆောင်ရွက် စဉ် အောက်တိုဘာ ၁၅ ရက် နံနက် ၄ နာရီခွဲ ခန့်တွင် ကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ ဓားကိုယ်စီကိုင်ဆောင်ထားသည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးခန့်ကို တွေ့ရှိ၍ လုံခြံုရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးမေးမြန်းရာ ပြန်လည်ပြောကြားခြင်းမရှိဘဲ ရှေ့ဆုံးမှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတစ်ဦးက အသင့်ကိုင်ဆောင်ထားသောဓားဖြင့် ပြေးခုတ်သဖြင့် လုံခြံုရေးတပ်ဖွဲ့ဝင် ၁ ဦးက လက်နက်ငယ်ဖြင့် ခုခံကာကွယ် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ထိုသို့ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများသည် ကျေးရွာ၏ အနောက် ဘက် နတ်မြစ်ဘက်သို့ ပြန်လည် ဆုတ်ခွာထွက်ပြေးသဖြင့် လိုက်လံရှင်းလင်းခဲ့ရာ မဲဒီကျေးရွာ၏အနောက်ဘက် မီတာ ၁၀၀ခန့်အကွာ၌ လည်ပင်းတွင် လက်နက်ငယ်ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဘင်္ဂါလီ အကြမ်းဖက်သမား တစ်ဦးအား အရိုးအသွား ၂ ပေ၊ ဗြက် ၂ လက်မခန့်ရှိ ဓား ၁ ချောင်း၊ ရေနံဆီထည့်၍ အဝတ်ဖြင့်ပိတ်ဆို့ထားသည့် ပုလင်း၁ လုံး၊ ၎င်း၏ကိုယ်ပေါ်မှ တာကာငွေ ၈၀၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ထုတ်ပေးထားသော Myanmar National’s Card တစ်ခုတို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

ယင်းကတ်တွင် ကတ်အမှတ်၊ 10420171013144309 ၊ အမည်၊ ဟာဆန် (Hasan) ၊အသက် ၂၀ နှစ်(ဘ)ရိုဟင် (Rohim)၊ လိပ်စာ Vill, Boli Bazar,Ps; Maungdaw, Dist; Akyab, Myanmar၊ ထုတ်ပေးရက်စွဲ ၂၀၁၇၊ အောက်တိုဘာ ၁၃ ရက်ဟု ဖော်ပြပါရှိသည်။

အလားတူ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မဲဒီကျေးရွာ၏ တောင်ဘက် လက်ဖွဲ့ကျ ကျေးရွာအနီး၌ မသင်္ကာဖွယ် ဘင်္ဂါလီ ၃ ဦးအားတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ခေါ်ယူစဉ် ၁ ဦးမှာ ထွက်ပြေးသွားခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦး၏ ပြောကြားချက်အရ ၎င်းတို့မှာလက်ဖွဲ့ကျကျေးရွာမှ ဟာဆောင်း (ဘ)ဆွေနုယာမောက်နှင့် မူဟာမတ်ဒူဟိုင်း (ဘ) မိုဟာမတ်ကော်ရိန် တို့ဖြစ်ပြီး ထွက်ပြေးသွားသူမှာ မဲဒီကျေးရွာမှ နိုရာလောင် ဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့ကြောင်း၊ အောက်တို ဘာ ၁၅ ရက် နံနက် ၆ နာရီ ခန့်တွင် နယ်စပ်ခြံစည်းရိုးအနီးရှိ ရေထွက်ပေါက်မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၎င်းတို့နေထိုင်ခဲ့ရာ လက်ဖွဲ့ကျ ကျေးရွာရှိ နေအိမ်များ၌ အသုံးအဆောင် ပစ္စည်းများကို ရှာဖွေပြီးနောက် ကျေးရွာအားမီးရှို့ဖျက်ဆီးရန် လာ ရောက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရန် တောင်ပြိုယာရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...