အမ်းသားကြီးသည် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မြောက်ဦးမြို့တွင် ဖမ်းဆီးခံခဲ့ရပြီး တစ်ရက်အကြာ အောက်တိုဘာ ၁၆ ရက် နေ့တွင် လုံခြံုရေးစိတ်မချရဟုဆိုကာ မြောက်ဦးမြို့ရဲစခန်းအချုပ်မှ စစ်တွေထောင်သို့သူ့အား ပြောင်းရွှေ့ခဲ့သည်။
ကိုအမ်းသားကြီးအား မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)တို့ဖြင့် တရားစွဲဆိုထားပြီး မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် ရဲကား အစောင့်အရှောက်များစွာဖြင့် စစ်တွေထောင်သို့ ပြောင်းရွှေ့ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
စစ်တွေထောင်ဗူးဝသို့ ရောက်ရှိစဉ် ကိုအမ်းသားကြီးက စောင့်ဆိုင်းနေသူများအား ယခုလို ပြောကြားသည်။
“ကျနော်ဟာ ရခိုင်မှာရှိတဲ့အဖွဲအစည်းတိုင်းကိုချစ်ပါတယ်။ ဘယ်အဖွဲ့ကိုချစ်တယ်။ ဘယ်အဖွဲ့ကိုမချစ်ဘူးဆိုတာ မရှိဘူး။ ရခိုင်သား ရခိုင်သမတိုင်းကိုလည်း ချစ်ပါတယ်။ ဒါကြောင့် ဒီလူမှုရေး လုပ်ငန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုကျနော့်ကိုဖမ်းထားတယ်။ ဘယ်အမှုနဲ့ဖမ်းထားမှန်းတောင် ကျနော်မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျနော့်ကို မေ့မထားကြပါနဲ့ “ဟု ပြောကြာခဲ့သည်။
ဖမ်းစီးခံထားရသည် ့အမ်းသားကြီးသည် ထောင်ချခံထားရသည့် မြတန်ဆောင်ဆရာတော်တို့နှင့်အမူတွဲတူဖြစ်ပြီး ယခုနှစ် ဧပြီလက မြောက်ဦးမြို့ မြတန်ဆောင်း ဘုန်တော်ကြီးသင် ကျောင်းတွင် ၈ နှစ်ပြည့် ရက္ခိုင့်တပ်မတော် ဘော်လုံးပွဲကျင်းပသည့် အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၈ ကြိမ်မြောက် AA ဖလားဘောလုံးပွဲကို ကျင်းပရန် စီစဉ်မှုဖြင့် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့လည်း ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် ထောင် ၂ နှစ်စီ ချမှတ်ခံထားရသည်။







