နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပိတောက်လမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ မိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဧပြီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ ကြောင်း ပုဗ္ဗသီရိမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။

“ဆိုင်သိမ်းခါနီးပေါ့။ သူတို့က အိမ်ဆောက်ပစ္စည်းရောင်းတာ၊ ဘေးပတ်ဝန်းကျင်မှာ အဲ့ဒီအချိန်က လူနည်း နည်းပြတ်တာပေါ့။ အဲ့ဒီအချိန်မှာ လူသုံးယောက်လာပြီးတော့ ဓားနဲ့ သေနတ်ကတော့ အစစ်လား၊ အတု လားမသိဘူး။ သေနတ်တစ်လက်တော့ ပါတယ်ပေါ့။ သူတို့ဆီက တနေကုန်ရောင်းရတဲ့ ပိုက်ဆံ ယူသွားတဲ့ သဘောပါ”ဟု ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓားပြတိုက်သူသုံးဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး ကျပ် ၁၅ သိန်းဝန်းကျင်ပါသွားကာ လူ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“လောလောဆယ်တော့ မဖမ်းမိသေးဘူး။ အခုက ဓားပြတိုက်တာပေါ့။ အဲ့ဒီဖြစ်စဉ် သိပ်မကြာခင်ကတော့ ခိုးမှုတွေလည်း အမြဲတမ်းတော့ ဒီမှာကြုံတွေ့နေရတာပဲ။ အဲဒါတွေလည်း မမိတော့ မမိကြပါဘူး”ဟု ပရဟိတအဖွဲ့ဝင်ကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ ဓားပြတိုက်ခံရမှုများ ဖြစ်ပွားလျက် ရှိသကဲ့သို့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ဓားထောက်လုယက်ခံရမှုများ၊ ခိုးမှုများနှင့် ဓားပြတိုက်မှုများဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ပန်းအလှဆိုင်ကို အမျိုးသားနှစ်ဦးက ပန်းလာဝယ်သူအဖြစ်ဟန်ဆောင်ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားထောက်ကာ ဖုန်းနှင့် ဆွဲကြိုးလုယက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...