မိုးညှင်းမြို့က NLD ပါတီကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၁ နှစ်ချမှတ်

မိုးညှင်းမြို့က NLD ပါတီကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီမှ ထောင်ဒဏ် ၁၁ နှစ်ချမှတ်

မိုးညှင်းမြို့က NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီကနေ ဒီကနေ့မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဒေါ်သက်ထားနှောင်းကို စွဲဆိုထားတဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အမှုအတွက် စစ်ကောင်စီရဲ့ မြစ်ကြီးနားခရိုင်တရားရုံးကနေ မနေ့ ညနေ ၃ နာရီအချိန်လောက်က အမိန့်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၁ နှစ်ကျခံပြီး ၁၀ လပိုင်း ၂၀၂၂ မှာပြန်လွှတ်ရမှာ။ မလွှတ်ဘဲ ပုဒ်မပြန်တပ်တရားစွဲတာ။”လို့ နီးစပ်သူက ဆိုပါတယ်။

ဒါ့အပြင် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ - ခ နဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က ထောင်ဒဏ် ၁ နှစ်ချထားတာဖြစ်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) ဖွဲ့စည်းရာမှာ အသိအမှတ်ပြု လက်မှတ် ရေးထိုးခဲ့တယ်ဆိုပြီး ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီကနေ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုထောင်ချခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ်သက်ထားနှောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကနေ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...