စီးပွားရေးနှင့် စစ်ရေးအရ အရေးပါလာမည့် မယူတောင်ကားလမ်း အကြမ်းဖောက်လုပ်မှု ရက်ပိုင်းအတွင်း ပြီးစီးမည်

စီးပွားရေးနှင့် စစ်ရေးအရ အရေးပါလာမည့် မယူတောင်ကားလမ်း အကြမ်းဖောက်လုပ်မှု ရက်ပိုင်းအတွင်း ပြီးစီးမည်
by -
နိရဥ္စရာ
စီးပွားရေးအရသာမက စစ်ရေးအရပါ အရေးပါလာမည့် မယူတောင် ဖြတ်ကျော် ကားလမ်းသစ် လမ်းကြမ်းဖေါက််လုပ်မှုမှာ များမကြာမီ ရက်ပိုင်းအတွင်း ပြီးစီးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းလမ်းမှာ ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်ကျေးရွာမှ မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ မယူတောင်ကို ဖြတ်သန်း ဖောက်လုပ်နေသည့် လမ်းဖြစ်သည်။

အဆိုပါ ဒေသသို့ သွားရောက်ကြည့်ရှုခဲ့သူ ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ လမ်းကြမ်းဖောက်လုပ်မှုက ပြီးစီးပါတော့မယ်။ နောက်တစ်ရက်နှစ်ရက်ဆိုရင် ပြီးစီးသွားမှာ ဖြစ်ပါတယ်” ဟု တွင် ပြောကြားသည်။

၎င်းလမ်းမှာ အရှည် ၁၄ မိုင်ခန့်သာ ရှိသော်လည်း မေယူတောင်ကို ဖြတ်သန်း ဖေါက်လုပ်ရသဖြင့် ခက်ခဲမှုများရှိကြောင်း၊ သို့သော် များမကြာမီ ရက်ပိုင်းအတွင်း ပြီးစီးသွားမည် ဖြစ်ကြောင်း ဦးဦးသန်းနိုင်က ပြောကြားသည်။

အဆိုပါ လမ်းသည် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အကြား ဖြတ်သန်းဖောက်လုပ်သော လမ်းဖြစ်သဖြင့် မြို့နယ်နှစ်ခုအကြား အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်သလို စီးပွားရေးအရသာမက စစ်ရေးအရပါ အရေးပါသော လမ်း တစ်လမ်း ဖြစ်လာမည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။

၎င်းလမ်းကို ပေ ၄၀ အကျယ်ထိ စက်ယန္တရား ၁၅ စီးခန့်ဖြင့် ဖေါက်လုပ်နေခြင်း ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမာခံ လမ်းအဆင့် အပြီးဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ် လမ်းဦးစီးဌာ ပြည်နယ်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်မှ မီဒီယာများသို့ ပြောကြားထားသည်။

ယခု ဖောက်လုပ်နေသည့် လမ်းအပြင်နောက်ထပ် တောင်ကျော်လမ်းတစ်ခုကိုလည်း မေယူတောင်ကို ဖြတ်ကျော်ဖေါက်လုပ်သွားမည် ဖြစ်ပြီး ၎င်းလမ်းများကို ပြည်ထောင်စု သိီးသန့်ရန်ပုံငွေဖြင့် ဖောက်လုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် အနောက်အစွန်ဆုံး မေယူဒေသတွင် မေယူတောင်အနောက်ဘက်ခြမ်းတွင် အငူမော်မှ မောင်တော၊ ကြိမ်ချောင်းထိလမ်းကို ကွန်ကရစ်လမ်း အဖြစ် ယခုနှစ်တွင် အဆင့်မြင့်တည်မည်ဟု သိရပြီး မေယူတောင် အရှေ့ခြမ်းတွင် အငူမော်မှ စေတီပြင်- ညောင်ချောင်း- ဘူးသီးတောင်ထိ လမ်းမကြီး တစ်ခုကိုလည်း ကျေးလက်ဦးစီးဌာနမှ တာဝန်ယူ ဖောက်လုပ်သွားမည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...