သထုံမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မှန်လုံယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ ကိုရင်တစ်ပါး

သထုံမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မှန်လုံယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ ကိုရင်တစ်ပါး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု ပုတိမ်ရိုးကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းတွင် မတ်လ ၂၄ ရက်နေ့ မွန်းတည့်အချိန်ခန့်က မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံရပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသောကြောင့် ကိုရင်တစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မိုင်းဆွဲခံရပြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရသည့် မှန်လုံယာဉ်မှာ မန္တလာမင်း ခရီးသည်တင်ယာဉ်လိုင်းမှ မှန်လုံယာဉ်တစ်စီးဖြစ်ပြီး မုဒုံမြို့မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာစဉ် သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာ ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၃၁/၂ နှင့် ၁၃၁/၃ အကြားတွင် မိုင်းခွဲခံရပြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

မှန်လုံယာဉ်ပေါ်မှာက ခရီးသည်အနေနဲ့ သံဃာတော်နဲ့ ကိုရင် ၅ ပါး၊ ကျား ၁၀ ဦး၊ မ ၁၀ ဦး နဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တစ်ဦး လိုက်ပါလာတယ်လို့ သိရတယ်။ မိုင်းဆွဲခံရပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ယာဉ်ပေါ်လိုက်ပါလာတဲ့ အသက် ၁၃ နှစ်အရွယ် ကိုရင်တစ်ပါး နောက်ကျောကနေ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ပါတယ်" ဟု လုံခြုံရေးရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ ကိုရင်အား အိမ်စီးကားတစ်စီးမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း သထုံမြို့ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ အနီးတွင် ၁၂ ဘီးယာဉ် ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရသေးသည်။

အဆိုပါ ၁၂ ဘီးယာဥ် မိုင်းဆွဲခံရမှုကြောင့် ယာဉ်ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပြီး ယာဉ်နောက်လိုက်လည်း မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မှန်လုံကား မိုင်းခွဲခံရသည့် နေရာ။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...