သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်းရရှိ

သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်းရရှိ

သံလွင်အရှေ့ဘက်ခြမ်းက စစ်ကောင်စီ ရှေ့တန်းတပ်စခန်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ကနေ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို ရရှိခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) က ဒီကနေ့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ခလရ ၁၃၅ ရှေ့တန်းတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ည ၅နာရီကနေ ၆နာရီအချိန် ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ စခန်းအတွင်းမှာ စစ်ကောင်စီရဲ့ ရုပ်အလောင်း ၃ လောင်းနဲ့ လက်နက်မျိုးစုံ ( ၆ ) လက်၊ ခဲယမ်း၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး ကို သိမ်းဆည်းရမိခဲ့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်က Bp-12 ကောက်ကောက်စခန်း အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ( ၁၃၅ ) ၊ ခလရ ( ၅၄ )၊ အမြောက်တပ် အမှတ် ( ၃၆၀ ) တို့ အခြေပြုရာ တောင်ကုန်းပွိုင့်အမှတ် ( ၁၄၄၁ ) စခန်းကို ကရင်နီတပ်မတော် ( KA ) က စခန်းသိမ်းတိုက်ပွဲအဖြစ် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ထိုင်း- ကရင်နီနယ်စပ်၊ ကရင်နီပြည်တွင်းနေရာအနှံ့အပြားနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသတွေမှာ ကရင်နီတပ်မတော်(KA)၊ KNDF ၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...