ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့

ZORO အဖွဲ့က မြန်မာစစ်ဘေးရှောင်များကို ရိက္ခာနှင့်အဝတ်ထည်များ ကူညီထောက်ပံ့
Photo credit - Tluanga Chhakchhuak
Photo credit - Tluanga Chhakchhuak

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organization (ZORO) အဖွဲ့က မြန်မာစစ်ဘေးရှောင်များထံသွားရောက်ပြီး ရိက္ခာနှင့် အဝတ်ထည်များ ကူညီထောက်ပံ့ ပေးခဲ့သည်ဟု သိရသည်။

ZORO အဖွဲ့ ဒုဥက္ကဌ Pu R. Lalchhuana ဦးဆောင်သော ZORO Refugee Committee Team သည် အိုင်ဇောလ်ခရိုင်အတွင်းရှိ Sihhmui နှင့် မာမစ်ခရိုင်းအတွင်းရှိ Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများထံ မတ်လ ၁၄ ရက်နေ့က သွားရောက်ကာ အထောက်အပံ့များ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဒေသတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ၎င်းတို့အဖွဲ့ဝင် စေတနာရှင်ပုဂ္ဂိုလ်များထံ အရေးပေါ်အလှူငွေများကောက်ခံကာ ဆန်အိတ် ၂၀၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။

“အဲဒီဒေသက စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဆိုတာ ကျနော်တို့ ကြားသိရတဲ့နောက်မှာ အရေးပေါ်အနေနဲ့ ကျနော်တို့အဖွဲ့ဝင်အချင်းချင်းထံ အလှူငွေတွေကောက်ပြီး ခုလိုသွားရောက် ကူညီခဲ့ကြတာ ဖြစ်တယ်’’ ဟု ZORO အဖွဲ့ဝင် တစ်ဦးကပြောသည်။

ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်း နေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ် အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသော်လည်း ချင်းအရပ်ဖက်အဖွဲ့အစည်းများကမူ ၅ သောင်းခန့် ရှိကြသည်ဟု ခန့်မှန်းထားကြသည်။

စစ်ဘေးရှောင်အများစုမှာ ချင်းလူမျိုးများဖြစ်ကြပြီး စစ်ဘေးတိမ်းရှောင်လာကြသည်မှာ ၂ နှစ်ခန့်ကြာလာပြီဖြစ်ကာ အလှူရှင်များနည်းပါးလာသည်နှင့်အမျှ စားဝတ်နေရေးပိုင်းမှာလည်း ပိုမိုခက်ခဲလာနေကြသည်ဟု သိရသည်။

Photo credit - Tluanga Chhakchhuak

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး”...
September 10, 2026
ချင်းပြည်၊ ပလက်ဝခရိုင်အတွင်း အခြေခံပညာ ၁၂ တန်း သင်ရိုး၌ ရခိုင်စာပေ အစားထိုး...
September 9, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်...
September 9, 2026
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...