ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး အလုပ်ကိစ္စ အဆင်မပြေ မိမိကိုယ်ကို အဆုံးစီရင်

ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး အလုပ်ကိစ္စ အဆင်မပြေ မိမိကိုယ်ကို အဆုံးစီရင်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး အိမ်ထောင်ရေး၊ အလုပ်ရေးကိစ္စ နှင့် ပတ်သက်ပြီး အဆင်မပြေမှုများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၉ ရက်) ညနေ ၇ နာရီခွဲတွင် အသက် ၃၄ နှစ်အရွယ် ခွန်မောင်သောင်း ဆိုသည့် မြန်မာလုပ်သားတစ်ဦးသည် အိမ်ထောင်ရေး၊ အလုပ်ရေးကိစ္စနှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ကြုံတွေ့ကာ စိတ်ရှုပ်ထွေးမှုများကြောင့် ၎င်းငှားရမ်းနေထိုင်သည့် အခန်းထဲ၌ မိမိ ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ ခွန်ရက်လွို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူက အိမ်ထောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေတာ။ အလုပ်မှာဆိုလည်း အလုပ်အကိုင် နဲ့ စိတ်ညစ်နေတာ၊ စိတ်ရှုပ်နေတာပေါ့။ သူ့မှာ အထောက်အထား အပြည့်စုံ မရှိတဲ့အတွက် အလုပ်မှာဆိုရင် ထိုင်းရဲတွေကို အမြဲရှောင်ပြေးရတာ။ အဲ့ကနေ စိတ်ညစ်၊ စိတ်ရှုပ်ပြီးတော့ နောက်ဆုံး ကိုယ့်စိတ်ကို ထိန်းမရတော့ ကြိုးဆွဲချပြီး အသုံးသတ်သွားတယ် “ ဟု ၎င်းက ပြောသည်။

ခွန်မောင်သောင်းသည် သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်းရွာတွင် နေထိုင်သူတစ်ဦး ဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် မြန်မာလုပ်သားများသည် နိုင်ငံကူးလက်မှတ် အထောက်အထား အပြည့်အစုံမရှိသေးတဲ့အတွက် ရရာအလုပ်ကိုသာ လုပ်ကိုင်နေရပြီး ထိုင်းဝန်ကြီး ရဲတပ်ဖွဲ့များက လာရောက် စစ်ဆေးလျှင် အမြဲထွက်ပြေး တိမ်းရှောင်နေရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးက ပြောသည်။

“ အခု ပတ်စပိုစ့် လုပ်ပေးတာက အထောက်အထား ပြည့်စုံအောင် လုပ်ပေးတာမဟုတ်ဘူး။ ဒီတစ်ခုလုပ်ပြီး နောက်ဘယ်နှစ်ရက်ဆိုရင် သက်တမ်းက ထပ်တိုးနေရပြီ။ အဲ့လို လုပ်ရတာကလည်း စိတ်ညစ်တယ်။ ပိုက်ဆံက ထိုင်းအစိုးရ နဲ့ ပွဲစားကိုဘဲ ပေးနေရတယ်။ တချို့လည်း ဆက်မလုပ်တော့ အလုပ်မှာဆိုရင် ထိုင်းရဲတွေကို အမြဲရှောင်ပြေးနေရတယ် “ ဟု ၎င်းအမျိုးသားကပြောသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နှင့် ဆီဆိုင်မြို့နယ် အတွင်းနေထိုင်သည့် မြန်မာလုပ်သားများသည် နေရပ်ကို ပြန်ချင်သော်လည်း လက်ရှိမှာ တိုက်ပွဲဖြစ်နေသေးသည့်အတွက် မပြန်နိုင်သေးကြောင်း သိရသည်။

“ တချို့က ပြည်တွင်းမှာ နေမရလို့ ထိုင်းကိုလာကြသလို တချို့ကလည်း ထိုင်းမှာလုံးဝကို နေလို့အဆင်မပြေတာကြောင့် နေရပ်အိမ်ကို ပြန်သွားတဲ့သူတွေ အများကြီးရှိတယ်။ ထိုင်းမှာ ပတ်စပိုစ့်လုပ်ရင်း အကြွေးတင်သွားတဲ့သူ၊ လိမ်စားခံရတဲ့သူ အများကြီးရှိတယ်။ အဲ့ကြောင့် အိမ်ကိုဘဲ ပြန်နေချင်တယ်။ ဒါပေမယ့် ဆီဆိုင်၊ ပင်လောင်းဘက်ကဆိုရင် အခုချိန်မှာ တိုက်ပွဲဖြစ်နေတော့ ပြန်လို့မရဘူး “ ဟု ခွန်ရက်လွို က ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် (မတ်လ ၈ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းသမားများက လမ်းမချီတက်ပွဲ ကျင်းပပြုလုပ်ပြီး ဒုက္ခသည်များကို ကြိုဆိုပေးဖို့အတွက် တောင်းဆိုကြသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...