တနင်္သာရီတိုင်းတွင် စစ်ရှောင် သုံးသောင်းကျော်အထိတိုးလာ အကူအညီများလိုအပ်နေ

တနင်္သာရီတိုင်းတွင် စစ်ရှောင် သုံးသောင်းကျော်အထိတိုးလာ အကူအညီများလိုအပ်နေ
တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာများ။ (Credit: Southern Monitor)
တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာများ။ (Credit: Southern Monitor)

၂၀၂၃ ဖေဖော်ဝါရီလတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ဦးရေ ၃၀၀၀၀ ခန့်အထိ တိုးလာပြီး အကူအညီများ လိုအပ်နေသည်ဟု တိုင်းအတွင်းက စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ခြင်းနှင့် တိုက်ပွဲကြောင့် ပုလောဒေသတွင် စစ်ရှောင် ၂၇၆၀၀ ကျော်အထိ ရှိလာပြီး ထားဝယ်နှင့် လောင်းလုံဒေသတွင် စစ်ရှောင်သူ ၃၇၀ ဝန်းကျင်၊ ကော့သောင်းဘက်တွင် စစ်ရှောင် ၁၁၀ ကျော်အထိရှိလာခဲ့သည်။

စစ်ကောင်စီက တနသာရီတိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ရီလကစပြီး အင်အားသုံး စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ပြီး လူနေအိမ် မီးရှို့ဖျက်စီးခြင်း၊ ရွာသားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“မိုက်ရိုင်းတာက ကမ်းကုန်ပါဘဲ၊ စစ်ကြောင်းဝင်တဲ့ နေရာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးတာတွေ၊ မုဒိန်းကျင့်တာတွေလည်း ရှိခဲ့တယ်။ ရွာသားတွေကို ဖမ်းသွားပြီး သတ်ပစ်တာတွေကြောင့် မနေရဲကြတော့ဘူး” ဟု ပုလောမြို့နယ်က စစ်ရှောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ရှောင်ဦးရေအများဆုံး ပုလောဒေသကို စစ်ကောင်စီက စက်သုံးဆီ၊ စားနပ်ရိက္ခာ ဝယ်ယူ၊ သယ်ဆောင်၊ ရောင်းချခွင့်ကိုလည်း ဖေဖော်ဝါရီတတိယအပတ်ခန့်ကစပြီး တားဆီးပိတ်ပင်ခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်တို့မှ စက်သုံးဆီ၊ စားနပ်ရိက္ခာ ဝယ်ယူသယ်ဆောင်ခွင့် တားဆီး ပိတ်ပင်လိုက်ပြီးနောက် စစ်ရှောင်များအား ကူညီထောက်ပံ့ရန် ခက်ခဲလာသည်ဟု ပုလောမြို့ရှိ စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။

“အရင်ကထက် ပိုခက်ခဲသွားတယ်။ စက်သုံးဆီကလည်း လွယ်လင့်တကူ ဝယ်မရတဲ့အခြေအနေဆိုတော့ လိုအပ်တဲ့ကူညီမှုတွေ လုပ်ရတာ အရင်ကထက် ပိုခက်ခဲတယ်။ ကုန်စျေးနှုန်းကလည်း လိုက်တက်နေတော့ များလာတဲ့ စစ်ရှောင်သူတွေကို ကာမိဖို့ အကူအညီတွေလည်း လိုနေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တနင်္သာရီတိုင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ညမထွက်ရအမိန့်၊ လူ ၅ ဦးထက်ပိုမစုရအမိန့်တို့ကိုပါ ထုတ်ပြန်သည်။

Southern Monitor က ပြုစုထားသည့် အချက်အလက်များအရ တနင်္သာရီတိုင်းအတွင်းတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲ ၃၅၈ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...