ပုလောမြို့နယ်တွင် စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့် ပိတ်ပင်

ပုလောမြို့နယ်တွင် စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့် ပိတ်ပင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ သို့ အဝင် (Photo Credit: HURFOM)
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ သို့ အဝင် (Photo Credit: HURFOM)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီက စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို ဖေဖော်ဝါရီ တတိယအပတ်ခန့်ကစပြီး တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

“စစ်တပ်က မှာထားလို့ဆိုပြီး ဆီဆိုင်တွေက မရောင်းပေးရဲကြဘူး။ လမ်းမှာတွေ့လို့ ဒီဆီ ဘယ်ကဝယ် လာတာလည်း မေးရင်ဆိုင်ရှင်ပါ ထိမှာလေ။ အရင်က နားလည်မှုနဲ့ ရောင်းပေးတယ်၊ အခုတော့ မရတော့ဘူး” ဟု ပုလောဒေသခံတစ်ဦးက ဆိုသည်။

ကား၊ ဆိုင်ကယ်များ ဆီဖြည့်ပါက တစ်ဦးလျှင် စက်သုံးဆီ တစ်လီတာသာ ရောင်းချပေးရန်နှင့် ဆီပုံးဖြင့် လာရောက်ဝယ်ယူသူများကို ရောင်းချခြင်း မပြုရန်နှင့် ရောင်းချပါက အရေးယူမည်ဖြစ်ကြောင်း ပုလောမြို့ပေါ်ရှိ ဆီဆိုင်များကို စစ်ကောင်စီက ညွှန်ကြားထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုလောမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

စစ်ကောင်စီက စက်သုံးဆီဝယ်ယူသယ်ဆောင်ခွင့် တားဆီးပိတ်ပင်လိုက်ပြီးနောက် တားဆီးပိတ်ပင်လိုက်ပြီးနောက် စက်သုံးဆီ တစ်လီတာ ကျပ် ၃၅၀၀ သာရှိခဲ့ပြီး ကျပ် ၅၀၀၀ အထိ စျေးမြင့်တက်လာခဲ့သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ရေးတင်းမာနေသည့်ပုလောဒေသကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ယခုလိုမျိုး စက်သုံးဆီ၊ စားနပ်ရိက္ခာတွေကို ဝယ်ယူသယ်ဆောင် တားဆီးပိတ်ပင်ခြင်းဖြစ်သည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

“ပြီးခဲ့တဲ့ ၂၀၂၂၊ ၁ လပိုင်းကတည်းက စစ်ရေးလှုပ်ရှားမှု များတဲ့နေရာတွေ အထူးသဖြင့် (KNU) ထိန်းချုပ်နယ်မြေတွေမှာ (စက်သုံးဆီဝယ်ယူသယ်ဆောင်ခွင့်) ပိတ်ထားတယ်။ ပုလောက စစ်ရေးအားကောင်းတယ်လေ၊ ဒါကြောင့် ဖြတ်လေးဖြတ်ပုံစံကို အသက်သွင်းနေတယ်လို့မြင်တယ်” ဟု ပုလောက စစ်ရှောင်တစ်ဦးက ပြောသည်။

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ လှုပ်ရှားနေသည့် ပုလောမြို့နယ် အရှေ့ဖျားရှိ နန်းတောင်၊ ဂျင့်ဂါ၊ ကျောင်းနိမ့်၊ မှော်မိ၊ ဆားခဲ၊ ဒူးရင်းပင်ရှောင်၊ ပုလောကုန်း၊ ရှမ်းဒွတ် အစရှိသည့် ကျေးရွာတို့တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဆန်းပိုင်းကတည်းက စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက တားမြစ်ပိတ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...