အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ကျင်းပသွားမည့် အဆိုပါ မီးထွန်းပွဲတော်ကို ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းတို့ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။
ယခုပွဲဖြစ်မြောက်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ ဖွ့ံဖြိုးတိုးတက်စပြုလာသည့် ဖားအံမြို့ အလှနှင့် ဗုဒ္ဓဘာသာအစဉ်အလာအရ မီးထွန်းပွဲကိုတွဲဖက်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပထမဆုံးစ တင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးစော ဟန်းအေးက ပြောသည်။
ယနေ့စတင်ကျင်းပသည့် မီးထွန်းပွဲတော်တွင် ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲများ၊ ဆပ်ကပ်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်များအပြင် ဇွဲကပင်ခန်းမဝင်းအတွင်း လူသုံးကုန်၊ အလှကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ တည်ခင်း ရောင်း ချသည့် စျေးဆိုင်တန်းများဖွင့်လှစ်ကာ ၃ ရက်တာ ကျင်းပသွားမည်ဟု သိရသည်။







