မွန်ပြည်နယ် ဆန်ဈေးကွက်တွင် ဆန်တစ်အိတ် ကျပ် ၂၀၀၀၀ အထက် စျေးနှုန်းမြင့်တက်လာ

မွန်ပြည်နယ် ဆန်ဈေးကွက်တွင် ဆန်တစ်အိတ် ကျပ် ၂၀၀၀၀ အထက် စျေးနှုန်းမြင့်တက်လာ

မွန်ပြည်နယ် ဆန်ဈေးကွက်အတွင်း အမျိုးအစားအလိုက် (၂၄) ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ နှင့်အထက် ဈေးနှုန်းမြင့်တက်လျှက်ရှိကြောင်း ဆန်အရောင်းဆိုင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမတိုင်ခင်က ဆန်ကြမ်းအုပ်စုဝင် ဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိတွင် ဆန်ကြမ်း ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၅၁၀၀၀ ကျော်အထိ စျေးနှုန်း မြင့်တက်လာသည်။

ဆန်ချောအုပ်စုဝင် ဆန်စျေးနှုန်းများလည်း (၂၄) ပြည် တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ကျော်ကနေ လက်ရှိ ၇၀၀၀၀ ကျပ်ကျော် ဈေးနှုန်းမြင့်တက်သွားခဲ့သည်။

အထက်မြန်မာပြည်က လာသည့် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ကျော် ပေါက်စျေးရှိနေသည်ဟု မော်လမြိုင်ဆန်စျေးကွက်အတွင်းမှ သိရသည်။

စပါးအထွက်နှုန်း လျော့ကျလာခြင်းနှင့် ဝယ်လိုအားမြင့်တက်လာခြင်းတို့ကြောင့် ဆန်းစျေးတွေ ဆက်တိုက်မြင့်လာခြင်းဖြစ်ကြောင်း ဆန်းရောင်းဝယ်နေသူတို့က ပြောသည်။

“ရွှေဘိုပေါ်ဆန်းမွှေးဆိုရင်တော့ ကျပ် (၉၀၀၀၀) ကျော်လောက်ဖြစ်နေတယ်။ အဓိကတော့ ဆန်အထွက်နှုန်းနည်းလာတာရယ်၊ ငွေကြေးတတ်နိုင်သူတွေက ဆန်ဈေးကွက်ထဲကိုဝင်လာပြီးတော့ ဈေးကွက်ဝင်ဖျက်တဲ့သဘောမျိုးလို့ ယူဆကြတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က ပေါ်ဆန်းစပါးက

တင်း (၁၀၀) ကို ကျပ် (၁၀) သိန်းမပြည့်ဘူး။ အခုလက်ရှိမှာ ပေါ်ဆန်းစပါးတင်း (၁၀၀) ကို ကျပ်သိန်း (၂၀) လောက်ဖြစ်နေတယ်။ အဲ့ဒီတော့ စပါးဈေးကိုက အဆမတန်မြင့်နေတာမျိုးဖြစ်နေတယ်” ဟု မော်လမြိုင်မြို့မှ ဆန်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ဆန်စျေးများ မြင့်တက်လာခဲ့ပြီး နှစ်နှစ်ကျော်ကာလအတွင်း ဆန်စျေး ၃ ဆနီးပါးခန့် မြင့်တက်လာသည်ဟု ဆန်ရောင်းဝယ်သူတို့နှင့် စားသုံးသူတို့က ပြောသည်။

ဆန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရသည်ဟု ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။

“ခါတိုင်းတစ်နေ့ကို ၄၀၀၀ ကျပ်လောက်ရရင် ဆန်တစ်ပြည် ကျပ် ၁၀၀၀ ၊ ၁၂၀၀ လောက်နဲ့ ဝယ်လိုက်ရင် ကျန်တာကို ဟင်းစားလုပ်လို့ရတယ်။ အခုက ဆန်တစ်ပြည်ကို ၂၃၀၀ ကျပ်လောက် ဖြစ်နေတော့ ကျန်တဲ့ပိုက်ဆံနဲ့က ဟင်းကို ဖြစ်သလိုချက်စားကြရတယ်” ဟု မော်လမြိုင်မြို့ ပန်းခြံကုန်ရပ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၉ သိန်းအထိရှိနေပြီး စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းနှင့် ၁၅ သိန်းအကြား ရှိနေသည်ဟု စပါးကုန်သည်တို့ထံမှ သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...