နိုင်ကျဉ်း တစ်ဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ထောင် အနှစ် ၂၀ ချ

နိုင်ကျဉ်း တစ်ဦးကို ပုသိမ်ထောင်တွင်း တရားရုံးက ထောင် အနှစ် ၂၀ ချ

ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်/ကျဉ်းတစ်ဦးကို ပုသိမ်ထောင်တွင်း တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက‌ ပြောသည်။

လက်နက်များ သယ်ယူပို့ဆောင်ပေးနေသည်ဟု ဆိုကာ ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးခံထား ရသည့် ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက်မှ ကိုစိုးပိုင်ဦးကို ထောင်ဒဏ် နှစ် ၂၀ ချလိုက်ခြင်းဖြစ်သည်ဟု တရား လွှတ်တော် ရှေ့နေအချို့က ပြောသည်။

“သူ့ကို ထောင်ဒဏ် နှစ် ၂၀ ချတယ်။ နောက် သူ့မိန်းမ၊ ယောက်ဖနဲ့ တူမတစ်ယောက်တို့လည်း ထောင်ဒါဏ် ၅ နှစ် စီချခံရတယ်။ ပုသိမ်ခရိုင် တရားသူကြီးက အမိန့်ချတာ။ အဲ့ဒီ အမိန့်ဖတ်ပြတဲ့ထဲမှာ ချုပ်ရက်တွေကို ခံစား ခွင့်ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးကပြောသည်။

ကိုစိုးပိုင်ဦးအပြင် ဇနီးဖြစ်သူနှင့် အခြားမိသားစုဝင် နှစ်လည်း အသီးသီးထောင်ဒဏ်များ ချခံလိုက်ရသည်ဟု ဆိုသည်။ ကိုစိုးပိုင်ဦးအား ပုသိမ်ထောင်တွင်း တရားရုံးမှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။

ကိုစိုးပိုင်ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက်၊ စက်ကုန်းရှိ ကိုစိုးမိုင်ဦး၏နေအိမ်တွင် ၎င်းနှင့်အတူ အခြားမိသားစုဝင် များကိုပါ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူအချို့က‌ ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “သူတို့ကို ဖမ်းသွားတုန်းကတော့ လူတွေချည်းပဲ ဖမ်းသွားတာ။သေနတ် တွေ၊ ကျည်ဆံတွေမပါဘူး” ဟု ပြောသည်။

ဆက်လက်၍ ကိုစိုးပိုင်ဦးအား ဖမ်းဆီးစဉ် နေအိမ်အတွင်းရှိနေသည့် ကိုစိုးပိုင်ဦး၏ ဇနီးဖြစ်သူ မချောစုလှိုင်၊ ယောက်ဖဖြစ်သူ ကိုတင်လှနှင့် တူမ မစုလှိုင်မိုး တို့ကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

Most read this week

September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ...
September 17, 2026
ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ်...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd
September 16, 2026
မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF...