ဆန်တက်လာသည့် စစ်သင်္ဘော (၁) စီး ထပ်မံ နစ်မြုပ်၊ လေယာဉ်တစ်စီး ပျက်ကျနိုင်ဖွယ်ရှိ

ဆန်တက်လာသည့် စစ်သင်္ဘော (၁) စီး ထပ်မံ နစ်မြုပ်၊ လေယာဉ်တစ်စီး ပျက်ကျနိုင်ဖွယ်ရှိ

ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ် လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော (၁) စီး ထပ်မံ နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိသည့် သင်္ဘောများလည်း ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေကူမြို့ဘက်မှ ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စု စစ်သင်္ဘော (၃) စီးကို KIA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်များက ရွှေကူနှင့် ဗန်းမော် အကြား ရေနီကျေးရွာနှင့် နမ့်ခုပ်ရွာအနီးတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်သင်္ဘော (၁) စီးမှာ ထိမှန်ကာ ဧရာဝတီမြစ်အတွင်း ထပ်မံ နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိ သည့် စစ်သင်္ဘော (၂) စီးမှာ ရွှေကူဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်း ဖြစ်သည်ဟု မြေပြင် သတင်း ရင်းမြစ်က ပြောသည်။

ထို့ပြင် ဗန်းမော်ဘက်မှ စုန်ဆင်းလာသည့် စစ်သင်္ဘောများကိုလည်း စင်းခန်းတံတားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက်စောင့်ကြို တိုက်ခိုက်နေသဖြင့် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန်နေ သည်။

မြေပြင်တွင် လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ရွှေကူဘက်က တက်လာတဲ့ သင်္ဘော ၃ စီးကို နမ့်ခုပ်ဘက်မှာ ပစ်လိုက်တာပါ။ စစ်သင်္ဘော တစ်စီးက တော့ ထပ်ပြီး ချက်ချင်းကို မြုပ်သွားတယ်။ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ မြစ်ထဲမျောနေတာ မြင်ရတယ်။ ကျန်တဲ့ နှစ်စီးကတော့ ရှေ့မတိုးရဲတော့ဘဲ ရွှေကူ ဘက်ကို ပြန်လှည့်သွားရတာ” ဟု ပြောသည်။

September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd
September 16, 2026
မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF...
ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း
September 16, 2026
ရခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ...